The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းမှ ထုတ်လုပ်သည့် ဓာတ်ဆီနှင့်ဒီဇယ်ဆီများအား ရောင်းချမည့်ပုံစံနှင့် ဝယ်ယူသူမှ လိုက်နာရမည့်စည်းကမ်းချက်များ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း

မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းမှ ထုတ်လုပ်သည့် ဓာတ်ဆီနှင့်ဒီဇယ်ဆီများအား ရောင်းချမည့်ပုံစံနှင့် ဝယ်ယူသူမှ လိုက်နာရမည့်စည်းကမ်းချက်များ

၁။            မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း ကြီးကြပ်မှုအောက်ရှိ မကွေးတိုင်းဒေသကြီး၊ အထက် မင်းလှမြို့နယ်တွင် တည်ရှိသော ရေနံဓာတုဗေဒစက်ရုံစု (သံပရာကန်) စက်ရုံမှ ထုတ်လုပ်သည့် ဓာတ်ဆီနှင့် ဒီဇယ်ဆီများကို MOPS နှင့် ပြည်တွင်း ကုမ္ပဏီတို့၏ လက်ကားရောင်းဈေးနှုန်းတို့အပေါ် အခြေခံတွက်ချက် သတ်မှတ်၍ အပတ်စဉ် ပြောင်းလဲသတ်မှတ်သည့် ရောင်းဈေးနှုန်းဖြစ်သည့် ဓာတ်ဆီ တစ်ဂါလန်လျှင် ၁,၈၀၀ ကျပ် (ကျပ် တစ်ထောင့်ရှစ်ရာတိတိ) နှုန်းဖြင့် ဂါလန် (၁.၀)သန်း (ဂါလန်တစ်သန်း) အားလည်းကောင်း၊  ဒီဇယ်ဆီ တစ်ဂါလန်လျှင် ၁,၉၀၀ ကျပ် (ကျပ် တစ်ထောင့် ကိုးရာတိတိ) နှုန်းဖြင့် ဂါလန် (၂.၀) သန်း (ဂါလန်နှစ်သန်း) အားလည်းကောင်း  ၁၅-၉-၂၀၂၀ ရက် နေ့မှ ၂၁-၉-၂၀၂၀ ရက်နေ့အထိ စက်သုံးဆီအရောင်းဆိုင်များ၊ စက်သုံးဆီ တင်သွင်း/ရောင်းချ ဖြန့်ဖြူး ကုမ္ပဏီများ၊ ရေယာဉ်လုပ်ငန်းရှင်များ၊ လမ်းတံတားလုပ်ငန်း၊ တည်ဆောက်ရေးလုပ်ငန်း၊ ပို့ဆောင်ရေး လုပ်ငန်း၊ စက်ရုံအလုပ်ရုံများ၊ သတ္တုတွင်းလုပ်ငန်း၊ စက်သုံးဆီအသုံးပြု၍ လုပ်ငန်း ဆောင်ရွက်လျက် ရှိသည့် လုပ်ငန်းရှင်များသို့ လွတ်လပ်စွာ ရောင်းချမည်ဖြစ်ပါ၍ မည်သူမဆို ရေနံဓာတုဗေဒစက်ရုံစု (သံပရာကန်)သို့ တိုက်ရိုက်လျှောက်ထား ဝယ်ယူနိုင်ပါသည်။

၂။          လျှောက်လွှာအား E-mail (ref3manngm@mail.com) ဖြင့်ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ သင့်ရာနည်းဖြင့်  စက်ရုံသို့ တိုက်ရိုက်လျှောက်ထားနိုင်ပါသည်။

၃။            လျှောက်လွှာများကို ၇-၉-၂၀၂၀ ရက်နေ့ နံနက် (၀၉:၀၀)နာရီမှ ၉-၉-၂၀၂၀ ရက်နေ့ (၁၆:၃၀)နာရီအထိ (ရုံးချိန်အတွင်း) လက်ခံပေးမည်။

၄။            လျှောက်ထားဝယ်ယူသူသည် Bowser ဖြင့် ထုတ်ယူမည်ဆိုပါက အောက်ပါအတိုင်း ဝယ်ယူနိုင်သည်-

          (က)  အနည်းဆုံး ဓာတ်ဆီ/ဒီဇယ်ဆီ ၁,၆၀၀ ဂါလန် (ဂါလန်တစ်ထောင့်ခြောက်ရာတိတိ) အား ဝယ်ယူနိုင်သည်။

          (ခ)    စက်ရုံမှ Bowser များသို့ တစ်ရက်ဖြည့်တင်းပေးနိုင်သည့် ပမာဏအရ ဝယ်ယူသူ များသို့ ခွဲဝေရောင်းချပေးမည်။

၅။       လျှောက်ထားဝယ်ယူသူသည် ရေယာဉ်/ဆီတွဲဖြင့် ထုတ်ယူမည်ဆိုပါက စက်ရုံမှ ရောင်းချနိုင် မည့် ပမာဏ၊ တစ်ရက်ဖြည့်တင်းပေးနိုင်သည့် ပမာဏအပေါ်မူတည်၍ ခွဲဝေရောင်းချပေးမည်။

၆။    ဝယ်ယူခွင့်ရရှိသူများကို ဝယ်ယူခွင့်ရရှိသည့် ပမာဏနှင့်အတူ ၁၀-၉-၂၀၂၀ ရက်နေ့တွင် စက်ရုံမှ အသိပေး အကြောင်းကြားမည်။ အကြောင်းကြားသည့်အချိန်တွင် ဝယ်ယူခွင့်ရရှိသည့် နေ့စွဲ နှင့်အတူ အကြောင်းကြားပါမည်။

၇။            ဝယ်ယူခွင့်ရရှိသူများသည် ငွေပေးသွင်းထုတ်ယူခြင်း မရှိပါက နောက်တစ်ကြိမ်တွင် ရောင်းချပေးမည်မဟုတ်ပါ။

၈။            ၁၁-၉-၂၀၂၀ ရက်နေ့မှစတင်၍ ကုန်ပစ္စည်းတန်ဖိုး ငွေပေးသွင်းခြင်းကို စက်ရုံမှ လက်ခံ ဆောင်ရွက်ပေးမည်။

၉။            ဝယ်ယူသူသည် ဝယ်ယူခွင့်ရရှိသည့် ကုန်ပစ္စည်း ပမာဏအတွက် တန်ဖိုးကျသင့်ငွေအား ရေနံဓာတုဗေဒစက်ရုံစု (သံပရာကန်)၊ ဘဏ္ဍာရေးဌာနသို့ ကုန်ပစ္စည်းထုတ်ယူမည့်နေ့မတိုင်မီ တစ်ရက်ကြိုတင်၍ တစ်လုံးတစ်ခဲတည်း အပြီးပေးသွင်းရမည်။

၁၀။          ဝယ်ယူသူသည် ကုန်ပစ္စည်း တန်ဖိုးအား တစ်လုံးတစ်ခဲတည်း အပြီးပေးသွင်းပြီးနောက် တစ်နေ့တွင် ကုန်ပစ္စည်းအားလုံးကို အပြီးထုတ်ယူရမည်။

၁၁။          စက်ရုံမှ ရောင်းချသည့်ပုံစံ Flow Meter Issue ဖြင့် ထုတ်ပေးမည်။

၁၂။          ကုန်ပစ္စည်း ဝယ်ယူခွင့်ရရှိသူများသည် မိမိစက်ရုံ၌ ထုတ်ပေးနိုင်သည့် ပမာဏ ကန့်သတ်ချက်ရှိသဖြင့် ထုတ်ယူခွင့် ရရှိသည့်နေ့တွင် မပျက်မကွက်ထုတ်ယူရမည်။

၁၃။          စက်ရုံ၏ ပျက်ကွက်ခြင်းကြောင့် မဟုတ်ဘဲ ဝယ်ယူသူဘက်မှ သတ်မှတ်ရက်အတွင်း ကုန်ပစ္စည်းအားလုံးကို အပြီးသတ် ထုတ်ယူနိုင်ခြင်းမရှိပါက ရက်လွန်ဒဏ်ကြေးများကို တစ်ရက် လျှင် ၀.၅ % ပေးဆောင်ရမည်။ (ဥပမာ ၁၀ ရက်နောက်ကျမှ ထုတ်ယူလျှင်  ၅ % ဖြစ်သွားမည်)          

၁၄။          စက်ရုံအနေဖြင့် အပတ်စဉ် ပြောင်းလဲသတ်မှတ်ရောင်းချမည့် ရောင်းဈေးနှုန်းကို နိုင်ငံပိုင် သတင်းစာနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန Website (www.moee.gov.mm) တို့တွင် အပတ်စဉ် ကြိုတင်ကြေညာ၍ ကာလ(၁)ခုအထိ ရောင်းချသွားမည်ဖြစ်ပါသည်။

 

                                                                မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း

                               လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

Post under by : မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း(MPE)
05-Sep-2020