The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံ တို့ ပူးပေါင်း၍ မြန်မာနိုင်ငံလျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် JICA မှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ

စီမံကိန်းဖွဲ့စည်းပုံ

စီမံကိန်းအနှစ်ချုပ်

 

စီမံကိန်းခေါင်းစဉ်။

လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ဖြန့်ဖြူးရေးစနစ်များအတွက်စွမ်းဆောင်ရည်မြှင့်တင်ရေးစီမံကိန်း

 

နိုင်ငံ။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 

စီမံကိန်းနေရာ။

အဓိကနေရာအဖြစ် နေပြည်တော် နှင့် မြန်မာနိုင်ငံတစ်နိုင်ငံလုံး

 

စီမံကိန်းကာလ။

၂၀၁၆ ခုနှစ် ဇူလိုင်လ (၂၀) ရက်နေ့မှ စ၍ ၅ နှစ်တာကာလ

 

စီမံကိန်းနှင့်ပတ်သက်၍ဆွေးနွေးမှုအားအတည်ပြုသောရက်။

၂၀၁၆ ခုနှစ် ဇန်နဝါရီလ (၂၂) ရက်

 

စီမံကိန်းနှင့်သက်ဆိုင်သောအဖွဲ့အစည်းများ

•   အကောင်အထည်ဖော်သောအေဂျင်စီ။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန (MOEE)

•   လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအောက်ရှိသက်ဆိုင်သောအဖွဲ့အစည်းများ

-     လျှပ်စစ်စွမ်းအားစီမံရေးဦးစီးဌာန (DEPP)

-     လျှပ်စစ်ဓါတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန (DPTSC)

-     လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း (ESE)

-     ရန်ကုန်လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးကော်ပိုရေးရှင်း (YESC)

-     မန္တလေးလျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးကော်ပိုရေးရှင်း (MESC)

 

စီမံကိန်းနောက်ခံ

လက်ရှိမြန်မာနိုင်ငံတွင်စီးပွားရေးဖွံ့ဖြိုးတိုးတက်လာခြင်းနှင့်အတူလျှပ်စစ်သုံးစွဲနိုင်သောအချိုးမှာနိမ့် လျက်ရှိနေသောကြောင့်မြန်မာနိုင်ငံ၏လျှပ်စစ်ဓာတ်အားလိုအပ်ချက်မှာနှစ်စဉ်၁၅%ခန့်တိုးလာမည် ဖြစ်ကြောင်းခန့်မှန်းပါသည်။ ၂၀၁၁-၂၀၁၂ အတွင်းတွင် ၂.၄၂ သန်းရှိသောအိမ်ထောင်စုများ (တစ်နိုင်ငံလုံး၏၂၇%) သို့လျှပ်စစ်ဓါတ်အားဖြန့်ဖြူးခဲ့ပါသည်။ ၂၀၁၅ ခုနှစ်တွင် ၃.၅ သန်းခန့်ရှိ သောအိမ်ထောင်စုများ(တစ်နိုင်ငံလုံး၏ ၃၄ %)သည်လျှပ်စစ်ဓါတ်အားသုံးစွဲနိုင်ခဲ့ပါသည်။ မြန်မာနိုင်ငံ တွင်ကျန်ရှိသော၆၆%အားလျှပ်စစ်ဓါတ်အားဖြန့်ဖြူးပေးနိုင်ရန်အတွက်လျှပ်စစ်ဓါတ်အားထုတ်လုပ်ရေး၊ ပို့လွှတ်ရေးနှင့်ဖြန့်ဖြူးရေးများအားတိုးမြှင့်ပေးရန်လိုအပ်လျက်ရှိပါသည်။

၂၀၁၁ ခုနှစ်တွင်၊ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အမြင့်ဆုံး ဓာတ်အားသုံးစွဲမှု မှာ၁၅၈၈ MW ဖြစ်ပြီး၊ ၂၀၁၅ ခုနှစ် တွင်၂၃၇၀ MW  အထိ တိုးလာခဲ့ပါသည်။ ခြောက်သွေ့ရာသီတွင် ရေအား လျှပ်စစ်မှထုတ်လွှတ်နိုင်သောစွမ်းရည်ကျဆင်းခြင်း၊ စက်ပစ္စည်းများသည်အသုံးပြုချိန်ကြာလာသည် နှင့်အမျှယိုယွင်းပျက်စီးလာခြင်းနှင့်လောင်စာဆီမလုံလောက်ခြင်းတို့ကြောင့် မြန်မာတစ်နိုင်ငံလုံးတွင် လျှပ်စစ်ဓါတ်အားဖြည့်ဆည်းပေးနိုင်မှုနှင့်လျှပ်စစ်ဓါတ်အားလိုအပ်ချက်ကွာဟမှုမှာအလွန်များလျက်ရှိ ပြီးလျှပ်စစ်ဓါတ်အားပြတ်တောက်မှုများဖြစ်ပေါ်လျက်ရှိပါသည်။

 

လျှပ်စစ်ဓါတ်အားပို့လွှတ်ခြင်းနှင့်ဖြန့်ဖြူးခြင်းတွင်လည်းဓါတ်အားပျောက်ဆုံးမှုမှာတစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့်၂၀% ရှိပြီး၊ ပို့လွှတ်ရာတွင်ဓါတ်အားပျောက်ဆုံးမှုမှာ ၄.၆ % နှင့် ဖြန့်ဖြူးရာတွင် ၁၅.၄ % ရှိပါသည်။ ထို့အပြင် သက်တမ်းကြာရှည်စွာအသုံးပြုထားသောစက်များကိုဝန်အားပိုသောအခြေအနေ တွင်ကြာမြင့်စွာအသုံးပြုခြင်းကြောင့် အကြီးစားဓါတ်အားပြတ်တောက်မှုများပါဝင်သောကြီးမားသော စိန်ခေါ်မှုအခက်အခဲများကိုဖြစ်ပေါ်လျက်ရှိပါသည်။ Short Circuit နှင့်Grounding Faults များမှာလည်း အဖြစ်များပြီးမကြာခဏဓါတ်အားပြတ်တောက်မှုများကိုဖြစ်ပေါ်စေလျက်ရှိပါသည်။

 

ယခုလိုအခြေအနေတွင် မြန်မာအစိုးရသည်လျှပ်စစ်စွမ်းအားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအား အရေးကြီး သောကဏ္ဍတစ်ရပ်အနေဖြင့်သတ်မှတ်ထားပြီး စက်မှုလုပ်ငန်းအများစုလည်ပတ်နေသော ရန်ကုန်တိုင်း နှင့်မန္တလေးတိုင်းတွင် လျှပ်စစ်ဓါတ်အားသုံးစွဲနိုင်မှုအားတိုးမြှင့်ရန်နှင့်တိုင်းနှင့်ပြည်နယ်အားလုံးတွင် လျှပ်စစ်ဓါတ်အားသုံးစွဲနိုင်သောအိမ်ထောင်စုအရေအတွက်ကိုတိုးမြှင့်မည်ဖြစ်ကြောင်း ရည်မှန်းချက်ရှိ   သည်ကိုဖော်ပြခဲ့ပါသည်။

 

သို့သော်လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနတွင်လျှပ်စစ်ဓါတ်အားပို့လွှတ်ရေးနှင့်ဖြန့်ဖြူးရေးနှင့်ပတ်သက်၍အင်ဂျင်နီယာများနှင့်ကျွမ်းကျင်လုပ်သားများအတွက် နားလည်ရလွယ်ကူသောစွမ်းဆောင်ရည်မြှင့်တင် သောစနစ်နှင့်စနစ်ကျသောပုံမှန်သင်တန်းများမရှိသေးပါ။ တဖြည်းဖြည်းတိုးလာသောလျှပ်စစ်ဓါတ် အားလိုအပ်ချက်နှင့်လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှတိုးချဲ့နေသောမဟာဓါတ်အားလိုင်းလမ်းကြောင်းများကိုကြည့်မည်ဆိုပါက၊JICAမှresidentအကြံပေးမှရန်ကုန်လျှပ်စစ်ဓါတ်အားပေးရေးကော်ပိုရေးရှင်း (YESC)အားနည်းပညာစွမ်းဆောင်ရည်တိုးတက်စေရန်နှင့်သင်တန်းအစီအစဉ်များကိုအားဖြည့်နေစဉ်၊တဖက်မှလည်းစနစ်ကျသောစွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းသည်အရေးတကြီးလိုအပ်လျက်ရှိပါ သည်။

 

ယခုလက်ရှိအခြေအနေများအားတိုးတက်စေရန်အတွက်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည်ဌာနမှ အင်ဂျင်နီယာများနှင့်ကျွမ်းကျင်လုပ်သားများ၏စွမ်းဆောင်ရည်မြင့်လာစေရန်နှင့်လျှပ်စစ်ဓါတ်အားပို့ လွှတ်ရေးနှင့်ဖြန့်ဖြူးရေး၏နည်းပညာနှင့်နည်းစနစ်များကို တညီတညွတ်တည်းဖြစ်စေရန်အတွက် မိမိတို့ကိုယ်ပိုင်သင်တန်းကျောင်းကိုတည်ထောင်ရန်စီစဉ်နေပါသည်။ ထို့ကြောင့်မြန်မာအစိုးရသည် ဂျပန်အစိုးရထံမှလျှပ်စစ်ဓါတ်အားပို့လွှတ်ရေးစနစ်နှင့်ဖြန့်ဖြူးရေးစနစ်တွင်စွမ်းဆောင်ရည်မြှင့်တင်စေ ရန်အတွက်နည်းပညာအကူအညီပေးရန်တောင်းဆိုခဲ့ပါသည်။


စီမံကိန်းတစ်ခုလုံး၏ရည်မှန်းချက်

လျှပ်စစ်ဓါတ်အားထောက်ပံ့ပေးသောအခြေခံအဆောက်အဦးများအားပိုမိုကောင်းမွန်စေခြင်းနှင့်တိုး တက်လာခြင်းမှတဆင့်ပိုမိုအသုံးကျပြီးပိုမိုယုံကြည်စိတ်ချရသောလျှပ်စစ်ဓာတ်အားထောက်ပံ့ပေးမှုနှင့် စွမ်းအင်ရရှိမှုဖြစ်လာစေရန်ရည်ရွယ်ပါသည်။

 

စီမံကိန်း၏ရည်ရွယ်ချက်

လျှပ်စစ်ဓာတ်အားထုတ်လွှတ်ရေးနှင့်ဖြန့်ဖြူးရေးတွင်လုပ်ကိုင်ဆောင်ရွက်နေကြသော အင်ဂျင်နီယာ များနှင့်ကျွမ်းကျင်လုပ်သားများ၏စွမ်းဆောင်ရည်ပိုမိုတိုးတက်လာစေရန်

 

ရလဒ်များ

၁။ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှုအခြေခံမူဘောင်ကိုရေးဆွဲခြင်း

၂။ သင်တန်းပရိုဂရမ်များကို စီစဉ်ခြင်းနှင့်အကောင်အထည်ဖော်ခြင်း

၃။   သင်တန်းစနစ်တည်ဆောက်ရာတွင် (စီစဉ်ခြင်း၊လုပ်ဆောင်ခြင်း၊စစ်ဆေးခြင်း၊စစ်ဆေးရာမှတွေ့ ရှိချက်များကိုပြင်ဆင်ခြင်း)စသည့် PDCA Cycle ကိုစတင်မိတ်ဆက်ခြင်းနှင့်လက်တွေ့ကျင့်သုံးခြင်း

 

လုပ်ငန်းဆောင်တာများ

<JICA မှလုပ်ငန်းဆောင်တာများ>

  • ကျွမ်ကျင်ပညာရှင်များအားစေလွှတ်ခြင်း

-     ရေရှည်(resident)ကျွမ်းကျင်ပညာရှင်။ သင်တန်းပရိုဂရမ်/ပူးပေါင်းဆောင်ရွက်သူ

-     ရေတို (visiting) ကျွမ်းကျင်ပညာရှင်များ။ အကြံပေးအရာရှိချုပ်/ဖြန့်ဖြူးရေးစနစ်နည်းပညာ၊ ဒု-အကြံပေးအရာရှိချုပ်/ဖြန့်ဖြူးရေးနည်းပညာ(လုပ်ငန်းလည်ပတ်ခြင်းနှင့်ပြုပြင်ထိန်းသိမ်း ခြင်း)၊ ဖြန့်ဖြူးရေးနည်းပညာ(Planningနှင့်ဒီဇိုင်းရေးဆွဲခြင်း)၊ ဖြန့်ဖြူးရေးနည်းပညာ (တည်ဆောက်ရေး)၊ပို့လွှတ်ရေးနည်းပညာ၊ဓါတ်အားခွဲရုံနည်းပညာ၊လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးPlanning(၁)(သင်တန်းစနစ်)၊ငွေစာရင်းနှင့်အသင်းအဖွဲ့ခွဲခြမ်းစိတ်ဖြာခြင်း၊လျှပ်စစ်ဖွံ့ဖြိုးတိုး တက်မှု/လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးတိုးချဲ့မှုဝါဒလမ်းစဉ်၊ လျှပ်စစ်နည်းပညာ (၁) (Planning)၊ လျှပ်စစ်နည်းပညာ (၂) (မြို့ကြီးများ)၊လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက် ရေး Planning (၂) (မြို့ကြီးများ)

  • ဂျပန်တွင်သင်တန်းပေးခြင်း
  • သင်တန်းများအတွက်စက်ပစ္စည်း၊ကိရိယာများနှင့်ပစ္စည်းများ

 

 

<MOEE မှလုပ်ငန်းဆောင်တာများ>

  • သက်ဆိုင်ရာဝန်ထမ်းများ
  • သင်တန်းအတွက်Facility အသစ်များတည်ဆောက်ခြင်း
  • ရုံးခန်းနေရာနှင့်ကျွမ်းကျင်ပညာရှင်များအတွက်Facilities
  • ပြည်တွင်းကုန်ကျစရိတ်
  • စီမံကိန်းနှင့်သက်ဆိုင်သောရရှိနိုင်သောဒေတာများနှင့်အချက်အလက်များ

 

 

Post under by : ဝန်ကြီးရုံး
06-Jan-2018