လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းသည် နွေရာသီ အမီ နိုင်ငံတော်အတွက် လိုအပ်လျက်ရှိသော လျှပ်စစ်ဓာတ်အားကို ဖြည့်ဆည်းပေးနိုင်ရေး နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းများကို သက်ဆိုင်ရာ Designated Connection Point အသီးသီးတွင် Independent Power Producer (IPP)/ Build, Own and Operate (BOO) စနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် (၁၈-၅-၂၀၂၀) ရက်နေ့တွင် တင်ဒါစတင်ခေါ်ဆိုခဲ့ပြီး နည်းပညာဆိုင်ရာ စစ်ဆေးမှု အောင်မြင်ခဲ့သူများကို Responsive Bidder အဖြစ် (၄-၉-၂၀၂၀) ရက်နေ့တွင် အကြောင်းကြားခဲ့ပါသည်။ နည်းပညာပိုင်းဆိုင်ရာ စစ်ဆေးမှု အောင်မြင်ခဲ့သည့် Responsive Bidder များ၏ Price Proposal (Envelope II) ဖွင့်ဖောက်ခြင်းကို (၉-၉-၂၀၂၀) ရက်နေ့တွင် ကျင်းပခဲ့ပါသည်။ စီမံကိန်းများအလိုက် ဈေးနှုန်းအနည်းဆုံး တင်ပြ ထားသူများနှင့် Power Purchase Agreement (PPA) ဆွေးနွေးခဲ့ပြီး တင်ဒါကော်မတီမှ စစ်ဆေးပြီး အတည်ပြုချက် ရရှိခဲ့သည့် စီမံကိန်း(၁၆)ခုအတွက် ပထမအဆင့် တင်ဒါအောင်မြင်သည့် သက်ဆိုင်ရာ ကုမ္ပဏီများသို့ (၅-၁၀-၂၀၂၀) ရက်နေ့တွင် Letter of Acceptance (LOA) ထုတ်ပေးခဲ့ပါသည်။ ယခုအခါ ကျန်ရှိသည့် စီမံကိန်း (၁၃)ခုအနက်မှ စီမံကိန်း (၇)ခုအား (၁၆-၁၀-၂၀၂၀) ရက်နေ့တွင် Letter of Acceptance (LOA) ထပ်မံထုတ်ပေးခဲ့ပြီးဖြစ်ပါသည်။ LOA ထုတ်ပေး ထားသည့် စီမံကိန်းစာရင်းအား ပူးတွဲပါအတိုင်း ဖော်ပြအပ်ပါသည်။
Letter of Acceptance (LOA) Issuing of Successful Bidders for Ground Mounted Solar Power Plant Projects (7) No.s
No |
Designated Connection Points/Region |
Project Capacity |
Successful Bidder |
Issuing Date of LOA |
Remark |
1 |
Kamarnat (Bago) |
30 |
China Machinery Engineering Corporation |
16-10-2020 |
|
2 |
Pathein (Ayeyarwaddy) |
40 |
China Machinery Engineering Corporation |
16-10-2020 |
|
3 |
Kyaiklat (Ayeyarwaddy) |
40 |
China Machinery Engineering Corporation |
16-10-2020 |
|
4 |
Athoke (Ayeyarwaddy) |
40 |
China Machinery Engineering Corporation |
16-10-2020 |
|
5 |
Myanaung (Ayeyarwaddy) |
40 |
China Machinery Engineering Corporation |
16-10-2020 |
|
6 |
Chaungku (Magway) |
40 |
Sungrow Power Supply Co., Ltd |
16-10-2020 |
|
7 |
Tharzi (Mandalay) |
30 |
Sungrow Power Supply Co., Ltd |
16-10-2020 |
|