The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

ကျေးရွာလျှပ်စစ်မီးလင်းရေးဖွင့်ပွဲ ကျင်းပပြုလုပ်

 ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ( ၁၅ ) ရက်

          ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်၊ ထနောင်းကုန်းကျေးရွာအုပ်စု၊ ကျီစုအရှေ့ ကျေးရွာလျှပ်စစ်မီးလင်းရေးဖွင့်ပွဲ အခမ်းအနားကို အောက်တိုဘာလ(၁၅)ရက်နေ့ ညနေ (၁၅:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့်လူစွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးအောင်ကြည်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းဟန်၊ ခရိုင်လျှပ်စစ် မန်နေဂျာ ဦးအေးမင်းဝင်း၊ မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးမျိုးမြင့်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

          ရမည်းသင်းမြို့နယ်အတွင်း မန္တလေးတိုင်းဒေသကြီးအစိုးရ၏ PFI အစီအစဉ်ဖြင့် ကျေးရွာ(၄၀)ရွာတွင် တိုင်းဒေသကြီးအစိုးရရန်ပုံငွေဖြင့် (၁၁)ကေဗွီ ဓာတ်အားလိုင်းနှင့် ထရန်စဖော်မာများကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ရမည်းသင်းမြို့နယ်အတွင်း ကျေးရွာ ပေါင်း (၂၄၇) ရွာရှိရာ မီလင်းပြီးသော ကျေးရွာ (၁၅၅) ရွာ၊ NEP စီမံကိန်းဖြင့် မီးလင်းမည့် ကျေးရွာ (၉) ရွာ၊ တိုင်းဒေသကြီးအစိုးရ၏ PFI အစီအစဉ်ဖြင့် (၄၀) ရွာ၊ တိုင်းဒေသကြီး အစိုးရ၏ ၂၀၂၀-၂၀၂၁ ဘတ်ဂျက်ရန်ပုံငေွေဖြင့် ကျေးရွာ(၄၃) ရွာ မီးလင်းရန်လျာထား ဆောင်ရွက်ထားကြောင်းနှင့် ၂၀၂၀-၂၀၂၁ တွင် မြို့နယ်တစ်ခုလုံး ရာနှုန်းပြည့် မီးလင်း နိုင်မည်ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးမျိုးမြင့်ထံမှ သိရှိရပါသည်။  

 

 

 

Post under by : ဝန်ကြီးရုံး
17-Oct-2020