The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြည်သူများလျှပ်စစ်ဓာတ်အားကောင်းမွန်စွာ သုံးစွဲနိုင်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင် သွားရောက်စစ်ဆေး

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြည်သူများလျှပ်စစ်ဓာတ်အားကောင်းမွန်စွာ သုံးစွဲနိုင် ရေး၊ ဗို့အားကျဆင်းမှုမရှိစေရေး နှင့် ဓာတ်အားပျောက်ဆုံးမှုလျော့ချနိုင်ရေးအတွက် လျှပ်စစ် နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် ၊ ရန်ကုန်လျှပ်စစ်ဓာတ်အား ပေးရေးကော်ပိုရေးရှင်းမှ တာဝန်ရှိသူများလိုက်ပါလျှက် ၁၂.၁.၂၀၁၈ ရက်နေ့တွင် ရန်ကုန် မြို့၊ ကမာရွတ်မြို့နယ်အတွင်းရှိ ၆၆ ကေဗွီ MRTV-3 နှင့် ဆင်မလိုက်ခွဲရုံများသို့ ရောက်ရှိ စစ်ဆေးခဲ့ပါသည်။

၆၆ ကေဗွီ MRTV-3 ခွဲရုံနှင့် ၆၆ ကေဗွီ ဆင်မလိုက်ခွဲရုံတို့မှာ ၂၃၀ ကေဗွီ အလုံပင်မ ဓာတ်အားခွဲရုံနှင့် ၂၃၀ ကေဗွီ ဘုရင့်နောင်ပင်မဓာတ်အားခွဲရုံတို့မှ ဓာတ်အားရယူ၍ ရန်ကုန် မြို့အတွင်းရှိ မြို့နယ်(၅)ခုသို့ ဓာတ်အားဖြန့်ဖြူးပေးပို့ ဆောင်ရွက်လျက်ရှိပါသည်။

ထို့ပြင် ၆၆ ကေဗွီခွဲရုံများမှ ဓာတ်အားဖြန့်ဖြူးထားရှိသည့် ၃၃ ကေဗွီ၊ ၁၁ ကေဗွီ ၊ ၆.၆ ကေဗွီ ဓာတ်အားလိုင်းများဖြင့် ကမာရွတ်မြို့နယ်၊ စမ်းချောင်းမြို့နယ်၊ ဗဟန်းမြို့နယ်၊ လှိုင် မြို့နယ်နှင့် ကြည့်မြင်တိုင်မြို့နယ်တို့တွင် လက်ရှိဗို့အားအခြေအနေ၊ ရပ်ကွက်နေပြည်သူ လူထုများ ဓာတ်အားသုံးစွဲနေမှုများကို စစ်ဆေး၍ ဗို့အား အတက်အကျ ဖြစ်ပွားနေမှုများကို ထိန်းညှိဆောင်ရွက်ပေးခြင်း၊ ဗို့အားကျဆင်းမှုများအတွက် ဗို့အားမြှင့်တင်သည့် ကိရိယာ တပ်ဆင်နိုင်ရေး  စီစဉ်ဆောင်ရွက်ပေးခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
12-Jan-2018