The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်ရှိ ရွာထောင်ကျေးရွာအား အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (NEP) ဖြင့် (၂၄)နာရီ မီးလင်းရေး

၂၀၂၀ပြည့်နှစ် အောက်တိုဘာလ၁၆  ) ရက်

            မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်၊ ရွာထောင်ကျေးရွာအား (၁၆.၁၀.၂၀၂၀) ရက်နေ့တွင် အမျိုးသားဓာတ်အားရရှိရေးစီမံကိန်း (NEP)ဖြင့် ထပ်မံ၍ (၂၄)နာရီ ဓာတ်အားပေး နိုင်ခဲ့ပါသည်။ အဆိုပါကျေးရွာမီးလင်းရေးဖွင့်ပွဲသို့ သရက်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် အမှတ်(၂) ဦးဇော်မိုးအောင်၊ ရွာထောင်ကျေးရွာအုပ်ချုပ်ရေးမှူး၊ မြို့နယ်လျှပ်စစ် အင်ဂျင်နီယာ ဦးနေမင်းထွဋ်တို့မှ တတ်ရောက်ဖွင့်လှစ်ပေးခဲ့ပါသည်။

                  ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း သရက်မြို့နယ်တွင် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ကျေးရွာ(၄)ရွာ၊ (NEP) စီမံကိန်းဖြင့် ကျေးရွာ (၈)ရွာ စုစုပေါင်း (၁၂)ရွာအား (၂၄)နာရီ မီးထပ်မံ ပေးနိုင်ခဲ့ပြီးဖြစ်ပါကြောင်းနှင့် မီးပေးရန်ကျန်ကျေးရွာများသို့ လျှပ်စစ်မီး အချိန်မီပေးပို့နိုင်ရေး အတွက် တာဝန်ရှိသူတို့က မြေပြင်ကွင်းဆင်းကာ ကြပ်မတ်ဆောင်ရွက်လျက်ရှိပါသည်။

 

Post under by : ဝန်ကြီးရုံး
16-Oct-2020