The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး (လျှပ်စစ်) ဦးခင်မောင်ဝင်း The World Bank မှ Lead Energy Specialist and Task Team Leader ဖြစ်သူ Mr. Sunil Kumar Khosla ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား Virtual Meeting ဖြင့် တွေ့ဆုံဆွေးနွေး

 နေပြည်တော်၊ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ၁၉  ) ရက်

         လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(လျှပ်စစ်) ဦးခင်မောင်ဝင်းသည်   The World Bank မှ Lead Energy Specialist and Task Team Leader ဖြစ်သူ Mr. Sunil Kumar Khosla ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၁၉) ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် ဒုတိယဝန်ကြီး၏ရုံးခန်း၌ Virtual Meeting ဖြင့် တွေ့ဆုံဆွေးနွေးခဲ့ ပါသည်။

        ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် The World Bank ၏ ပံ့ပိုးကူညီမှုဖြင့် ဆောင်ရွက်လျက်ရှိသည့် The Power System Efficiency and Resilience Project ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ နှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။

        အဆိုပါတွေ့ဆုံပွဲသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးသန်းဇော်၊ သက်ဆိုင်ရာ ဌာနအကြီးအကဲများနှင့် The World Bank မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

     

Post under by : ဝန်ကြီးရုံး
19-Oct-2020