The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းမှ ထုတ်လုပ်သည့် စက်သုံးဆီ(ဓာတ်ဆီ) ရောင်းချမည့်ပုံစံနှင့် ဝယ်ယူသူမှ လိုက်နာရမည့် စည်းကမ်းချက်များ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း

မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းမှ ထုတ်လုပ်သည့် စက်သုံးဆီ(ဓာတ်ဆီ) ရောင်းချမည့်ပုံစံနှင့် ဝယ်ယူသူမှ လိုက်နာရမည့် စည်းကမ်းချက်များ

၁။         မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းကြီးကြပ်မှုအောက်ရှိ မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှ မြို့နယ်တွင် တည်ရှိသော ရေနံဓာတုဗေဒစက်ရုံစု(သံပရာကန်)စက်ရုံမှ ထုတ်လုပ်သည့် ဓာတ်ဆီ များကို ပြည်တွင်းကုမ္ပဏီတို့၏ လက်ကားရောင်းဈေးနှုန်း၊ ပြည်ပ MOPS တို့နှင့် ချိန်ညှိ ဈေးနှုန်း သတ်မှတ်ပြီး ပြောင်းလဲသတ်မှတ်သည့် ရောင်းဈေးနှုန်းဖြစ်သည့် ဓာတ်ဆီ တစ်ဂါလန်လျှင် ၁,၇၀၀ ကျပ် (ကျပ်တစ်ထောင့်ခုနှစ်ရာတိတိ) နှုန်းဖြင့် ဂါလန်(၁.၀)သန်း (ဂါလန်တစ်သန်းတိတိ) အား စက်သုံးဆီအရောင်းဆိုင်များ၊ စက်သုံးဆီ တင်သွင်း/ရောင်းချဖြန့်ဖြူးကုမ္ပဏီများ၊ ရေယာဉ်လုပ်ငန်း ရှင်များ၊ လမ်းတံတားလုပ်ငန်း၊ တည်ဆောက်ရေးလုပ်ငန်း၊ ပို့ဆောင်ရေးလုပ်ငန်း၊ စက်ရုံအလုပ်ရုံများ၊ သတ္တုတွင်းလုပ်ငန်း၊ စက်သုံးဆီအသုံးပြု၍ လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းရှင်များသို့      ၂၄-၁၀-၂၀၂၀ ရက်နေ့မှ ၂၇-၁၀-၂၀၂၀ ရက်နေ့အထိ လျှောက်လွှာလက်ခံပြီး လွတ်လပ်စွာ ရောင်းချ မည်ဖြစ်ပါ၍ မည်သူမဆို ရေနံဓာတုဗေဒစက်ရုံစု(သံပရာကန်)သို့ တိုက်ရိုက်လျှောက်ထားဝယ်ယူ နိုင်ပါသည်။

၂။          လျှောက်လွှာအား E-mail (ref3manngm@gmail.com)ဖြင့်ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ သင့်ရာနည်းဖြင့်  စက်ရုံသို့ တိုက်ရိုက်လျှောက်ထားနိုင်ပါသည်။

၃။         လျှောက်ထားဝယ်ယူသူသည် Bowser ဖြင့် ထုတ်ယူမည်ဆိုပါက အောက်ပါအတိုင်း ဝယ်ယူ နိုင်သည်-

             (က) အနည်းဆုံး ဓာတ်ဆီ ၁,၆၀၀ ဂါလန် (ဂါလန်တစ်ထောင့်ခြောက်ရာတိတိ) အား ဝယ်ယူနိုင်သည်။

             (ခ)   စက်ရုံမှ Bowser များသို့ တစ်ရက်ဖြည့်တင်းပေးနိုင်သည့် ပမာဏအရ ဝယ်ယူသူ များသို့ ခွဲဝေရောင်းချပေးမည်။

၄။         လျှောက်ထားဝယ်ယူသူသည် ရေယာဉ်/ဆီတွဲဖြင့် ထုတ်ယူမည်ဆိုပါက စက်ရုံမှ ရောင်းချ နိုင်မည့် ပမာဏ၊ တစ်ရက်ဖြည့်တင်းပေးနိုင်သည့် ပမာဏအပေါ်မူတည်၍ ခွဲဝေရောင်းချပေးမည်။

၅။         စက်ရုံမှ ရောင်းချသည့်ပုံစံ Flow Meter Issue ဖြင့် ထုတ်ပေးမည်။

၆။         လျှောက်ထားဝယ်ယူသူများအနေဖြင့် ဝယ်ယူခွင့်ရရှိသည့် ပမာဏ၊ ငွေသွင်းရမည့်နေ့၊ ကုန်ပစ္စည်းထုတ်ယူရမည့်နေ့တို့နှင့်  ပတ်သက်သည့် အသေးစိတ်အချက်အလက်များအား စက်ရုံသို့ တိုက်ရိုက်ဆက်သွယ်၍ စက်ရုံ၏ သတ်မှတ်ညွှန်ကြားချက်အတိုင်း ဆက်လက်ဆောင်ရွက်ရမည်။

၇။         စက်သုံးဆီ ဝယ်ယူခွင့်ရရှိပြီး စက်ရုံမှ ထုတ်ယူနိုင်ရေးအတွက် လုပ်ငန်းဆောင်ရွက်မည့် သူများသည် (၁၄)ရက်အတွင်း သက်တမ်းရှိသော Covid-19 ရောဂါပိုးကူးစက်ခံရမှုမရှိကြောင်း ထောက်ခံချက်တင်ပြနိုင်ရမည်။

၈။         ဝယ်ယူခွင့်ရရှိသူများသည် ငွေပေးသွင်းထုတ်ယူခြင်းမရှိပါက နောက်တစ်ကြိမ်တွင်ရောင်းချ ပေးမည် မဟုတ်ပါ။

၉။         စက်ရုံ၏ ပျက်ကွက်ခြင်းကြောင့်မဟုတ်ဘဲ ဝယ်ယူသူဘက်မှ သတ်မှတ်ရက်အတွင်း ကုန်ပစ္စည်းအားလုံးကို အပြီးသတ် ထုတ်ယူနိုင်ခြင်းမရှိပါက ရက်လွန်ဒဏ်ကြေးများကို တစ်ရက် လျှင် ၀.၅ % ပေးဆောင်ရမည်။ (ဥပမာ ၁၀ ရက်နောက်ကျမှ ထုတ်ယူလျင်  ၅ % ဖြစ်သွားမည်)         

၁၀။       မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းအနေဖြင့် ပြောင်းလဲသတ်မှတ်ရောင်းချမည့် ရောင်းဈေးနှုန်း ကို နိုင်ငံပိုင်သတင်းစာနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန Website (www.moee.gov.mm) တို့ တွင် ကြိုတင်ကြေညာ၍ ကာလ(၁)ခုအထိ ရောင်းချသွားမည်ဖြစ်ပါသည်။

 

 

                                                                                   မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း

                                                                                  လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

Download Link : Free_MS_HSD_-_Second.pdf
Post under by : မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း(MPE)
26-Oct-2020