၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ( ၂၇ )ရက်
အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း NEP Phase-1 ဖြင့် ဆောင်ရွက် လျက်ရှိသည့် မကွေးမြို့နယ်၊သရက်လေးပင်ကျေးရွာအုပ်စု၊ ကြောင်ပျောက်ကျေးရွာ မီးလင်းရေး အောင်ပွဲကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၂၇)ရက်နေ့တွင် ကျင်းပ ပြုလုပ် ခဲ့သည်။
အဆိုပါ ကျေးရွာမီးလင်းရေးအောင်ပွဲကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆန်း၊ တိုင်းဒေသကြီး အမှတ်(၁) မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဌေး၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးစိုးဌေးအောင်၊ သရက်လေးပင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုးလှိုင်၊ မီးလင်းရေး ကော်မတီဥက္ကဋ္ဌ ဦးဇော်မျိုးထွန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆန်း၊ တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဌေးတို့က အမှာစကားများ ပြောကြားကြပြီး၊ မကွေးမြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးစိုးဌေးအောင် က လျှပ်စစ် မီးလင်းရေးလုပ်ငန်း ဆောင်ရွက်ပေးမှုနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး ကိစ္စရပ်များကို ရှင်းလင်းပြောကြားကာ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးဝန်ထမ်းများက လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။
အဆိုပါကျေးရွာမီးလင်းရေးအတွက် လိုအပ်သည့်ကျေးရွာတွင်း ၄၀၀ ဗို့ ဓာတ်အား လိုင်း (၁.၃) မိုင်ကို ကျေးရွာနေပြည်သူလူထု ထည့်ဝင်ငွေဖြင့် တည်ဆောက်ခဲ့ကာ (၁၁)ကေဗွီ ဓာတ်အားလိုင်း(၀.၅)မိုင်နှင့် (၁၁/၀.၄)ကေဗွီ (၂၀၀)ကေဗွီအေ ထရန်စဖော်မာ (၂)လုံးကို အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း(NEP)ဖြင့် ဆောင်ရွက်ခဲ့ပြီး ကျေးရွာရှိ အိမ်ခြေ (၃၃၀) ကျော်ကို လျှပ်စစ်မီးဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။