The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

မကွေးမြို့နယ်၊ ကြာပြည့်အင်းကျေးရွာ လျှပ်စစ်မီးရရှိ

၂၀၂၀ ပြည့်နှစ် ၊ အောက်တိုဘာ (၂၉)ရက်

               အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း NEP Phase-1 ဖြင့် ဆောင်ရွက်နေ သည့်  မကွေးမြို့နယ်၊ သရက်လေးပင်ကျေးရွာအုပ်စု၊ ကြာပြည့်အင်း ကျေးရွာမီးလင်းရေး အောင်ပွဲကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာ(၂၉)ရက်နေ့ ညနေပိုင်းတွင် အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။

               အဆိုပါ ကျေးရွာမီးလင်းရေးအောင်ပွဲကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆန်း၊ တိုင်းဒေသကြီး အမှတ်(၁)  မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဌေး၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးစိုးဌေးအောင်၊ သရက်လေးပင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုးလှိုင်၊ မီးလင်းရေးကော်မတီ ဥက္ကဌ ဦးသန်းထွန်းအောင် တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆန်း၊ တိုင်းဒေသကြီး အမှတ်(၁) မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဌေးတို့က အမှာစကား ပြောကြားပြီး၊ မကွေးမြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးစိုးဌေးအောင်က လျှပ်စစ်မီးလင်းရေး လုပ်ငန်း ဆောင်ရွက်ပေးမှုနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး ကိစ္စရပ်များကို ရှင်းလင်း ပြောကြားကာ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး ဝန်ထမ်းများက လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။

          အဆိုပါ ကျေးရွာမီးလင်းရေးအတွက် လိုအပ်သည့် ကျေးရွာတွင်း (၄၀၀) ဗို့ ဓာတ်အားလိုင်း (၄၈၀၀) ပေကို ကျေးရွာနေ ပြည်သူလူထုထည့်ဝင်ငွေဖြင့် တည်ဆောက် ခဲ့ကာ (၁၁)ကေဗွီ ဓာတ်အားလိုင်း(၀.၈၂)မိုင်နှင့် (၁၁/၀.၄)ကေဗွီ (၁၀၀)ကေဗွီအေ ထရန် စဖော်မာ (၂)လုံးကို အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း(NEP)ဖြင့် ဆောင်ရွက်ခဲ့ပြီး ကျေးရွာရှိ အိမ်ခြေ(၂၁၅)ကျော်ကို လျှပ်စစ်မီးလင်းပေးနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

Post under by : ဝန်ကြီးရုံး
29-Oct-2020