The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

မကွေးမြို့နယ်၊ ထုံးပေါက်တောမြောက်ရွာနှင့် ထုံးပေါက်တောတောင်ရွာ လျှပ်စစ်မီးရရှိ

 

 ၂၀၂၀ ပြည့်နှစ် ၊ နိုဝင်ဘာ (၃)ရက်

          အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း NEP Phase-1 ဖြင့် ဆောင်ရွက်ခဲ့သည့်   မကွေးမြို့နယ်၊ ထုံးပေါက်တောမြောက်ရွာနှင့် ထုံးပေါက်တောတောင်ရွာ ကျေးရွာမီးလင်းရေး အောင်ပွဲကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ(၃)ရက်နေ့ ညနေပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

          ကျေးရွာမီးလင်းရေးအောင်ပွဲများကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆန်း၊ တိုင်းဒေသကြီး အမှတ်(၂) မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင်ချိုလတ်၊ မကွေးခရိုင်လျှပ်စစ်အင်ဂျင်နီယာ ဦးဘုန်းနိုင်၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးစိုးဌေးအောင် ၊ ထုံးပေါက်တောကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြတ်မင်းထွန်း၊ ထုံးပေါက်တောမြောက် မီးလင်းရေးကော်မတီ ဥက္ကဌ ဦးနန်းမြင့် ၊ ထုံးပေါက်တောတောင် မီးလင်းရေးကော်မတီဥက္ကဌ ဦးပြုံးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး၊ အခမ်းအနားတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ဦး၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆန်းနှင့် တိုင်းဒေသကြီး အမှတ်(၂)မဲဆန္ဒနယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ချိုလတ်တို့က အမှာစကား အသီးသီးပြောကြားပြီး၊ မကွေးခရိုင် လျှပ်စစ်အင်ဂျင်နီယာ ဦးဘုန်းနိုင်က လျှပ်စစ်မီးလင်းရေးလုပ်ငန်း ဆောင်ရွက်ပေးမှုနှင့် လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး ကိစ္စရပ်များကို ရှင်းလင်းပြောကြားကာ၊ မြို့နယ်လျှပ်စစ် အင်ဂျင်နီယာ နှင့် ဝန်ထမ်းများက လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။

          ထုံးပေါက်တောမြောက်ကျေးရွာ မီးလင်းရေးအတွက် လိုအပ်သည့် ကျေးရွာတွင်း ၄၀၀ ဗို့ ဓာတ်အားလိုင်း (၄၆၀၀)ပေ နှင့် ထုံးပေါက်တောမြောက်ကျေးရွာ မီးလင်းရေးအတွက် လိုအပ်သည့် ကျေးရွာတွင်း ၄၀၀ ဗို့ဓာတ်အားလိုင်း (၂၉၀၀)ပေ ကို ကျေးရွာနေ ပြည်သူ လူထုထည့်ဝင်ငွေဖြင့် တည်ဆောက်ခဲ့ပြီး၊ ထုံးပေါက်တောမြောက် ကျေးရွာအတွက်(၁၁) ကေဗွီ ဓာတ်အားလိုင်း(၀.၉၇)မိုင်နှင့် (၁၁/၀.၄)ကေဗွီ (၂၀၀)ကေဗွီအေ ထရန်စဖော်မာ (၂)လုံး၊ ထုံးပေါက်တောတောင် ကျေးရွာအတွက် (၁၁)ကေဗွီ ဓာတ်အားလိုင်း(၀.၈၇)မိုင်နှင့် (၁၁/၀.၄) ကေဗွီ (၂၀၀) ကေဗွီအေ ထရန်စဖော်မာ (၁)လုံးတို့ကို  အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း (NEP) အနေဖြင့် တာဝန်ယူတပ်ဆင်ပေးခဲ့ခြင်းဖြစ်ပြီး ထုံးပေါက်တောမြောက် ကျေးရွာရှိ အိမ်ခြေ(၄၂၀)ကျော်နှင့်  ထုံးပေါက်တောတောင်ကျေးရွာရှိ အိမ်ခြေ(၁၆၈) အိမ်ကို လျှပ်စစ်မီးဖြန့်ဖြူးပေးနိုင်မည်ဖြစ်ပါသည်။

 

Post under by : ဝန်ကြီးရုံး
04-Nov-2020