၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ( ၁၀ ) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် The World Economic Forum နှင့် State Grid Corporation of China တို့ ပူးပေါင်း၍ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ပေကျင်းမြို့၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၁၀) ရက်နေ့တွင် ကျင်းပပြုလုပ်သော “International Forum for Energy Transition 2020: Sustainable Development in the post-COVID 19 Era” သို့ နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇) မှ Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် Founder and Executive Chairman of World Economic Forum ဖြစ်သူ Prof. Klaus Schwab မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး Vice Chairman of the National Committee of the CPPCC , President of China Association for Science and Technology ဖြစ်သူ H.E. Mr. Wan Gang နှင့် Executive Chairman State Grid Corporation of China ဖြစ်သူ Mr. Mao Weiming တို့မှ နှုတ်ခွန်းဆက် အမှာစကား ပြောကြားခဲ့ကြကာ တစ်ကမ္ဘာလုံး၏ လူမှုစီးပွား စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် COVID-19 ကပ်ရောဂါလွန်ကာလတွင် ဖြစ်ပေါ်လာမည့် စီးပွားရေးအကျိုးသက်ရောက်မှုများ အပေါ် တုန့်ပြန်ကုစားရာတွင် လွန်စွာအရေးပါသော စွမ်းအင်ကဏ္ဍအနေဖြင့် ဘေးကင်းလုံခြုံ စိတ်ချရပြီး ကြံ့ကြံ့ခိုင်နိုင်သော၊ ကာဗွန်ထုတ်လွှတ်မှုနည်းပြီး သန့်ရှင်းသောစွမ်းအင်များကို ပြောင်းလဲ သုံးစွဲခြင်း၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အရင်းအမြစ်များသုံးစွဲမှုကို တိုးမြှင့်ခြင်း၊ Smart Grid System နှင့် နည်းပညာတီထွင်ဆန်းသစ်ခြင်း၊ မူဝါဒဆိုင်ရာ ပံ့ပိုး ကူညီပေးခြင်း စသည်တို့တွင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြ ပါသည်။
အဆိုပါအခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်နှင့်အတူ ဒုတိယဝန်ကြီး(လျှပ်စစ်) ဦးခင်မောင်ဝင်း၊ အမြဲတမ်းအတွင်းဝန် ဦးသန်းဇော်၊ သက်ဆိုင်ရာ ဌာနအကြီးအကဲများနှင့်ကမ္ဘာ့နိုင်ငံပေါင်း(၅၄)နိုင်ငံမှ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ဆိုင်ရာ ဝန်ကြီးများ၊ သံအမတ်ကြီးများ၊ အဆင့်မြင့်အရာရှိ ကြီးများ၊ World Economic Forum နှင့် State Grid Corporation of China မှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာအဖွဲ့အစည်းများမှ ကိုယ်စားလှယ် စုစုပေါင်း (၅၀၀) ကျော် တက်ရောက်ခဲ့ကြပါသည်။