The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ဗြိတိန်နိုင်ငံသံအမတ်ကြီး H.E. Mr. Dan Chugg အား Virtual Meeting ဖြင့် လက်ခံတွေ့ဆုံ

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (   ၂၃   ) ရက်

             လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Dan Chugg အား ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့၊ ၁၅:၀၀ နာရီအချိန်တွင် ရုံးအမှတ် (၂၇)၊ အစည်းအဝေးခန်းမမှ Virtual Meeting ဖြင့် တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

             ထိုသို့ဆွေးနွေးရာတွင် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလတွင် Glasgow မြို့၌ ဗြိတိန်နိုင်ငံက ဦးဆောင်ကျင်းပမည့် UN Climate Change Conference (COP26) နှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ Nationally Determined Contributions (NDCS) နှင့် Myanmar Economic Recovery and Reform Plan (MERRP) ဆိုင်ရာကိစ္စရပ်များနှင့် မြန်မာနိုင်ငံ၏ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍတွင် ပြန်ပြည့်မြဲစွမ်းအင်၏ အရေးပါမှုတို့နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြ ပါသည်။

             အဆိုပါတွေ့ဆုံပွဲသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး (လျှပ်စစ်) ဦးခင်မောင်ဝင်း၊ အမြဲတမ်းအတွင်းဝန် ဦးသန်းဇော်၊ သက်ဆိုင်ရာ ဌာနအကြီးအကဲများနှင့် မြန်မာနိုင်ငံဆိုင်ရာ ​ဗြိတိန်နိုင်ငံသံရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

Post under by : ဝန်ကြီးရုံး
23-Nov-2020