၁။ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းလက်အောက်ရှိ အမှတ်(၂)ရေနံချက်စက်ရုံ(ချောက်)မှ ရေနံချေး ၂၃၇,၇၂၀ ဂါလန်(ဂါလန်နှစ်သိန်းသုံးသောင်းခုနှစ်ထောင်ခုနှစ်ရာ့နှစ်ဆယ်တိတိ)အား ၂၈-၁၂-၂၀၂၀ ရက်နေ့ ၁၃:၀၀ နာရီတွင် တင်ဒါပိတ်ပြီး ယင်းနေ့ ၁၄:၀၀ နာရီတွင် တင်ဒါဖွင့်လှစ်၍ လည်းကောင်း၊ ရေနံဓာတု ဗေဒစက်ရုံစု(သံပုရာကန်)မှ ရေနံမီးသွေး ၁,၀၀၀ မက်ထရစ်တန်(မက်ထရစ်တန် တစ်ထောင်တိတိ)အား ၂၁-၁-၂၀၂၁ ရက်နေ့ ၁၃:၀၀ နာရီတွင် တင်ဒါပိတ်ပြီး ယင်းနေ့ ၁၄:၀၀ နာရီတွင် တင်ဒါဖွင့်လှစ်၍ လည်းကောင်း ရောင်းချမည်ဖြစ်ပါကြောင်း မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ ရုံးအမှတ်(၄၄)၊ နေပြည်တော် တွင် အဆိုပြုလွှာ တင်သွင်းနိုင်ပါရန် ဖိတ်ခေါ်အပ်ပါသည်။