The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

ပြည်သူလူထုသို့ မေတ္တာရပ်ခံအသိပေးတင်ပြခြင်း

ယနေ့ (၉-၁၂-၂၀၂၀) ရက်၊ (၀၂:၂၉) နာရီတွင် ဓာတ်အားစနစ်အတွင်းရှိ ၂၃၀ ကေဗွီ ကမာနတ် - စစ်တောင်းမဟာဓာတ်အားလိုင်းအပြစ်ဖြစ်ပေါ်စဉ် ဓာတ်အားစနစ်တည်ငြိမ်မှု့ ပျက်ယွင်းကာ ဓာတ်အား စနစ်တစ်ခုလုံး ဓာတ်အားပြတ်တောက်မှု (System Breakdown) ဖြစ်ပေါ်ခဲ့ပါသည်။ ဓာတ်အားစနစ် ပြန်လည်ချိတ်ဆက်ပြီး ပုံမှန်ဓာတ်အားပို့လွှတ် ဖြန့်ဖြူးနိုင်ရေးအတွက် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဉီးစီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းနှင့် ဓာတ်အားဖြန့်ဖြူးရေးဌာနများက ဝိုင်းဝန်းကြိုးပမ်းခဲ့ကြပါသည်။ (၀၃:၄၆) နာရီတွင် နေပြည်တော်ကောင်စီနယ်မြေသို့လည်းကောင်း၊ (၀၄:၃၁) နာရီတွင် ရန်ကုန်တိုင်းဒေသကြီးသို့လည်းကောင်း၊ (၀၄:၅၅) နာရီတွင် မန္တလေးတိုင်းဒေသကြီး နှင့် အခြားဒေသများသို့လည်းကောင်း၊ (၀၅:၅၃) နာရီတွင် ရခိုင်ပြည်နယ်သို့လည်းကောင်း ပုံမှန် ဓာတ်အားပို့လွှတ်ဖြန့်ဖြူးနိုင်ခဲ့ပါသည်။ ယခုကဲ့သို့  ဓာတ်အားပြတ်တောက်ခဲ့မှုကြောင့် အဆင်မပြေမှုများ ရှိပါက နားလည် ခွင့်လွှတ်ပေးပါရန်၊ မေတ္တာရပ်ခံအပ်ပါကြောင်းနှင့် ဓာတ်အားစနစ် တိုးတက်ကောင်းမွန် စေရေးအတွက် အစဉ်အမြဲ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း အများပြည်သူထံသို့ လေးစားစွာ အသိပေးတင်ပြအပ်ပါသည်။

Post under by : ဝန်ကြီးရုံး
09-Dec-2020