The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

မကွေးမြို့နယ်၊ ပုတီးကုန်း ကျေးရွာ လျှပ်စစ်မီးရရှိ

၂၀၂၀ ပြည့်နှစ် ၊ ဒီဇင်ဘာလ (၁၆)ရက်

               အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း NEP Phase-1 ဖြင့် ဆောင်ရွက်ခဲ့ သည့် မကွေးမြို့နယ်၊ ပုတီးကုန်းကျေးရွာ မီးလင်းရေးအောင်ပွဲကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၁၆) ရက်နေ့ ညနေပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

               အဆိုပါအခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦး၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးလှဆန်း၊ တိုင်းဒေသကြီး အမှတ်(၂) မဲဆန္ဒနယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ချိုလတ်၊ မကွေးမြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးစိုးဌေးအောင်၊ သမန်းတောကျေးရွာ၊ အုပ်ချုပ်ရေးမှူး ဦးပေါစံ ၊ ပုတီးကုန်းကျေးရွာ မီးလင်းရေးကော်မတီ ဥက္ကဌ ဦးလှိုင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး အခမ်းအနားတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆန်းနှင့် တိုင်းဒေသကြီး အမှတ်(၂) မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ချိုလတ်တို့က အမှာစကားများ ပြောကြားကြပြီး၊ မကွေးမြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးစိုးဌေးအောင်က လျှပ်စစ်မီးလင်း ရေးလုပ်ငန်း ဆောင်ရွက်ပေးမှုနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး ကိစ္စရပ်များကို ရှင်းလင်း ပြောကြားကာ မြို့နယ်လျှပ်စစ်ရုံးဝန်ထမ်းများက လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့  သည်။

               ပုတီးကုန်းကျေးရွာ မီးလင်းရေးအတွက် လိုအပ်သည့် ကျေးရွာတွင်း ၄၀၀ ဗို့ ဓာတ်အားလိုင်း (၃၂၀၀)ပေ ကို ကျေးရွာနေ ပြည်သူလူထု ထည့်ဝင်ငွေများဖြင့် တည်ဆောက် ခဲ့ကာ၊ ပုတီးကုန်းကျေးရွာအတွက်(၁၁) ကေဗွီ ဓာတ်အားလိုင်း(၀.၈)မိုင်နှင့် (၁၁/၀.၄) ကေဗွီ (၁၀၀)ကေဗွီအေ ထရန်စဖော်မာ (၁)လုံးတို့ကို အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း (NEP) အနေဖြင့် တာဝန်ယူတပ်ဆင်ပေးခဲ့ခြင်းဖြစ်သည်။ NEP စီမံကိန်းဖြင့် မကွေးမြို့နယ်၏ (၃၁)ရွာမြောက် မီးလင်းသည့်ကျေးရွာဖြစ်ပြီး ပုတီးကုန်းကျေးရွာရှိ အိမ်ခြေ(၁၆၈)ကို လျှပ်စစ်မီးဖြန့်ဖြူးပေးနိုင်မည် ဖြစ်သည်။

Post under by : ဝန်ကြီးရုံး
18-Dec-2020