The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး (လျှပ်စစ်) ဦးခင်မောင်ဝင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်ကဏ္ဍဆိုင်ရာဝန်ကြီးများနှင့် National Electrification Project (NEP) စီမံကိန်းဖြင့် ကျေးရွာများတွင် ၄၀၀ ဗို့ဓာတ်အားလိုင်းဖြင့် လျှပ်စစ်မီးသွယ်တန်းရေး ကိစ္စရပ်နှင့်ပတ်သက်၍ Virtual Meeting ပြုလုပ်

၂၀၂၁ ခုနှစ်၊ ​ဇန်နဝါရီလ (  ၆  ) ရက်

             လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး (လျှပ်စစ်) ဦးခင်မောင်ဝင်းသည် တိုင်း ဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ လျှပ်စစ်ကဏ္ဍဆိုင်ရာဝန်ကြီးများနှင့် နေြပည်တော်ကောင်စီ၀င် တို့နှင့်အတူ ၂၀၂၁ ခုနှစ်၊ ​ဇန်နဝါရီလ (၆) ရက်နေ့၊ ၁၄:၀၀ နာရီအချိန်တွင် ဒုတိယဝန်ကြီး၏ ရုံးခန်းမှ Virtual Meeting ဖြင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

             ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဝန်ကြီးဌာနအနေဖြင့် ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ် ဓာတ်အားရရှိရေး ကြိုးပမ်းဆောင်ရွက်မှု အခြေအနေများ၊ ကမ္ဘာ့ဘဏ်ချေးငွေဖြင့် National Electrification Project (NEP) စီမံကိန်း၏ NEP-1 (Phase-I) အရ ကျေးရွာပေါင်း ၅၀၈၀ ရွာနှင့် Phase-II အရ ကျေးရွာပေါင်း ၄၇၀၀ ရွာ လျှပ်စစ်မီးရရှိရေး လျာထားဆောင်ရွက်ခဲ့မှုများ၊ NEP-1 ၏ ပိုလျှံရန်ပုံငွေဖြင့် ကျေးရွာများတွင် ၄၀၀ ဗို့ဓာတ်အားလိုင်းများတည်ဆောက်ပေးရန် ကမ္ဘာ့ဘဏ်နှင့် ညှိနှိုင်းဆောင်ရွက်နေသည့်အခြေအနေများ ၊ လျှပ်စစ်ဓာတ်အားသွယ်တန်းရာတွင် သတ်မှတ် စံချိန် စံညွှန်းများနှင့်အညီ ဝန်ကြီးဌာနမှ ကြီးကြပ်ဆောင်ရွက်ပေးမည့်အခြေအနေများ ၊ ဝန်ကြီးဌာနအနေဖြင့် အိမ်သုံးမီတာများ လုံလောက်စွာ ရရှိစေရေး ဆောင်ရွက်နေမှုအခြေအနေ ၊ Advanced Metering Infrastructure (AMI) စနစ်အတွက် Consultant ဖြင့်  ချိတ်ဆက်ဆောင်ရွက်နေမှု အခြေအနေများ ၊ ဝေးလံခေါင်သီသော ဒေသများတွင် Mini-grid နှင့် Off-grid စနစ်များဖြင့် လျှပ်စစ်ဓာတ်အားရရှိရေး ဆောင်ရွက်ရမည့် အခြေအနေများနှင့်စပ်လျဉ်း၍  အသေးစိတ် ဆွေးနွေးခဲ့ကြပါသည်။

          အဆိုပါ ဆွေးနွေးပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ လျှပ်စစ်ကဏ္ဍဆိုင်ရာ ဝန်ကြီးများနှင့် နေြပည်တော်ကောင်စီ၀င်တို့မှ NEP စီမံကိန်းဖြင့် ကျေးရွာများ လျှပ်စစ်ဓာတ်အား ရရှိရေး ဆောင်ရွက်နေမှုများကို ဆွေးနွေးခဲ့ကြပါသည်။

Post under by : ဝန်ကြီးရုံး
06-Jan-2021