The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး (စွမ်းအင်) ဒေါက်တာထွန်းနိုင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်ရှိ ရေနံဓာတ်ငွေ့ရည်အရောင်းဆိုင် (နေပြည်တော်) နှင့် ဗလသိဒ္ဓိရပ်ကွက်ရှိ အမှုထမ်းအိမ်ရာအသစ်တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေး

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ( ၁၁ ) ရက်

             လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(စွမ်းအင်) ဒေါက်တာထွန်းနိုင်သည်  မြန်မာ့ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ဉီးဆောင်ညွှန်ကြားရေးမှူး ဉီးဉာဏ်ထွန်း၊ မြန်မာ့ရေနံ ဓာတုဗေဒလုပ်ငန်းမှ ဉီးဆောင်ညွှန်ကြားရေးမှူး ဉီးအောင်မြင့် နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီ နယ်မြေ၊ ဇမ္ဗူသီရိ မြို့နယ်ရှိ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ ရေနံဓာတ်ငွေ့ရည်အရောင်းဆိုင် (နေပြည်တော်) နှင့် ဗလသိဒ္ဓိရပ်ကွက်ရှိ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ၆ ခန်းတွဲ ၄ ထပ် အမှုထမ်းအိမ်ရာ အသစ် တိုက်အမှတ် (၂၃၁၁၇) တို့သို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

             ရှေးဉီးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရေနံဓာတ်ငွေ့ရည်အရောင်းဆိုင် (နေပြည်တော်) သို့ ရောက်ရှိရာ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းမှ ညွှန်ကြားရေးမှူး(ကုန်ထုတ်)နှင့် တာဝန်ရှိသူ များက ရေနံဓာတ်ငွေ့ရည်အရောင်းဆိုင် (နေပြည်တော်) တည်ဆောက်ထားရှိမှု၊ သိုလှောင်/ ဖြန့်ဖြူးမှု အခြေအနေများနှင့် CSR အစီအစဉ်အရ မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာများသို့ ရေနံ ဓာတ်ငွေ့ရည်ဖြန့်ဖြူးပေးနေမှု အခြေအနေများအား ရှင်းလင်းတင်ပြပြီး ဉီးဆောင်ညွှန်ကြားရေးမှူး ဉီးအောင်မြင့်မှ လိုအပ်သည်များ ဖြည့်စွက်ရှင်းလင်းတင်ပြပါသည်။

             တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက  မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းသည် နိုင်ငံပိုင် စီးပွားရေးအဖွဲ့အစည်းဖြစ်သဖြင့် အကျိုးအမြတ်ရရှိစေရန် စီးပွားရေးတွက်ချေကိုက်မှုရှိသည့် လုပ်ငန်းများ သုံးသပ်ဆောင်ရွက်ရေး၊ ရေနံဓာတ်ငွေ့ရည်အရောင်းဆိုင်များ၏ စီမံခန့်ခွဲမှုနှင့် ဖွဲ့စည်းပုံ စနစ်တကျ ရှိစေရေး၊ မြေယာပိုင်ဆိုင်မှု ခိုင်မာပြီးပြတ်အောင်ဆောင်ရွက်ရေး၊ ဘေးကင်းလုံခြုံ၍ ပိုမိုမြန်ဆန် ကောင်းမွန်သော ဝန်ဆောင်မှုပေးနိုင်ရေးနှင့် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး၊ ရေနံ ဓာတ်ငွေ့ရည်အိုးများကို ထိုက်သင့်သည့် ဈေးနှုန်းဖြင့် မည်သူမဆို လွတ်လပ်စွာ ဝယ်ယူ အသုံးပြု နိုင်ရေး စီမံဆောင်ရွက်သွားရေးနှင့်  ရေနံဓာတ်ငွေ့ရည်စက်ရုံ (မင်းဘူး) အား  ကုန်ထုတ်လုပ်မှု စွမ်းရည် တိုးမြင့်လာရေးအတွက် စက်ပြုပြင်ထိန်းသိမ်းမှု၊ အဆင့်မြှင့်တင်မှုများ ဆောင်ရွက်ရန်  နိုင်ငံ တကာငွေကြေးဆိုင်ရာ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ရေး၊ စက်ရုံစက်စွမ်းအားပြည့် လည်ပတ်နိုင်ရေးအတွက် လိုအပ်သော သဘာဝဓာတ်ငွေ့ရရှိရေး မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်းနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို လမ်းညွှန်မှာကြား ခဲ့ပြီး ရေနံဓာတ်ငွေ့ရည်အရောင်းဆိုင် အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

             ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည်  နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိ မြို့နယ်၊ ဗလသိဒ္ဓိရပ်ကွက်ရှိ တိုက်အမှတ် ၂၃၁၁၇၊ ၆ ခန်းတွဲ ၄ ထပ်  အမှုထမ်းအိမ်ရာ အသစ်သို့ ရောက်ရှိရာ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ဉီးဆောင်ညွန်ကြားရေးမှူးနှင့် အင်ဂျင်နီယာချုပ်(ဆောက်လုပ်ရေး)တို့မှ ဝန်ထမ်းများ၏ နေထိုင်ရေး အခက်အခဲရှိသည့်အတွက် အမှုထမ်းမိသားစုများအား နေရာချထားပေးနိုင်ရန် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှ စတင် တည်ဆောက်ခဲ့ပါကြောင်းနှင့် အိမ်ထောင်စု ၂၄ စုအား နေရာချထားပေးမည့် အစီအမံများအား ရှင်းလင်းတင်ပြခဲ့ပါသည်။

          တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးမှ အိမ်ရာများ တည်ဆောက်ရာတွင် သတ်မှတ်စံချိန် စံညွှန်းနှင့်အညီဖြစ်ရေး၊ အိမ်ရာပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်စေရေး၊ စိမ်းလန်းသာယာလှပ စေရေးအတွက် အရိပ်ရသစ်ပင်များ စိုက်ပျိုးရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် လုံခြုံမှုအထူးဂရုပြုဆောင်ရွက်ရေး စသည်တို့ကို လမ်းညွှန်မှာကြားခဲ့ပြီး အိမ်ရာအား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
11-Jan-2021