၁။ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းကြီးကြပ်မှုအောက်ရှိ မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှ မြို့နယ်တွင်တည်ရှိသော ရေနံဓာတုဗေဒစက်ရုံစု(သံပရာကန်)မှ ထုတ်လုပ်သည့် ရေနံမီးသွေး (Petroleum Coke) များကို စက်ရုံရှိလက်ကျန် Stock အခြေအနေအပေါ်မူတည်၍ လစဉ်ပြောင်းလဲ သတ်မှတ်သော ရောင်းဈေးနှုန်းဖြင့်လွတ်လပ်စွာ ရောင်းချပေးမည်ဖြစ်ပါ၍ မည်သူမဆို ညွှန်ကြား ရေးမှူး(ကုန်ထုတ်)၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း(ရုံးချုပ်)၊ ရုံးအမှတ်(၄၄)၊ နေပြည်တော်သို့ တိုက်ရိုက်လျှောက်ထား ဝယ်ယူနိုင်ပါသည်။