The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

မြန်မာ-လာအို နှစ်နိုင်ငံအကြား လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များနှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေး တက်ရောက်

၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ( ၂ ) ရက်

               အာဆီယံဒေသတွင်းဆိုင်ရာ စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ် ASEAN Plan of Action for Energy Cooperation (APAEC) အရ မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံတို့အကြား လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေး ကို ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂  ရက်နေ့တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၌ COVID-19 ကာကွယ်ရေး နည်းစနစ် များနှင့်အညီ Virtual Meeting ဖြင့် ကျင်းပခဲ့ပါသည်။

အဆိုပါအစည်းအဝေးတွင် မြန်မာနိုင်ငံဘက်မှ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်သန်းဦး၊  ဒုတိယဝန်ကြီး ဦးသန့်စင်၊အမြဲတမ်းအတွင်းဝန် ဦးသန်းဇော်နှင့် ဦးစီးဌာန/ လုပ်ငန်းတို့မှဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြပြီး လာအိုနိုင်ငံဘက်မှ စွမ်းအင်နှင့် သတ္တုတွင်းဝန်ကြီးဌာန ဝန်ကြီး H.E Dr.Dabong Phonekeo နှင့်အတူ Cabinet Office/MEM မှ အမြဲတမ်းအတွင်းဝန် Mr.Phetsavanh Rattanathongxay နှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြပါသည်။

Post under by : ဝန်ကြီးရုံး
02-Jul-2021