လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနမှ နေပြည်တော်ကောင်စီနယ်မြေအတွင်း ဆောင်ရွက်မည့် မြို့ပြဆိုင်ရာတည်ဆောက်ရေး လုပ်ငန်းများအား (မြန်မာကျပ်ငွေ) ဖြင့် တင်ဒါခေါ်ဆိုခြင်းနှင့်ပတ်သက်၍ လက်ရှိဖြစ်ပေါ်နေ သော COVID-19 ရောဂါ ဖြစ်ပွားမှုအခြေအနေများအရ တင်ဒါပိတ်ရက်အား (၂၀-၈-၂၀၂၁) ရက်နေ့အထိ တိုးမြှင့်သတ်မှတ်ပါကြောင်း အောက်ဖော်ပြပါ Link ဖြင့် ကြေညာခဲ့ပြီး ဖြစ်ပါသည်-
https://www.moep.gov.mm/mm/ignite/contentView/4258
သို့ရာတွင် လက်ရှိဖြစ်ပေါ်နေသော COVID-19 ရောဂါ ဖြစ်ပွားမှုအခြေအနေများအရ တင်ဒါ ပိတ်ရက် (၂၀-၈-၂၀၂၁) ရက်နေ့သည် တရားဝင်ရုံးပိတ်ရက်အဖြစ် သတ်မှတ်အကျုံးဝင် နေပါသဖြင့် အဆိုပါတင်ဒါများအား (၁-၉-၂၀၂၁) ရက်နေ့အထိ တိုးမြှင့်သတ်မှတ်ပါ ကြောင်း အသိပေးကြေညာအပ်ပါသည်။