The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

အသိပေးကြေငြာချက်

၁။            လျှပ်စစ်စွမ်းအားစီမံရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော လစာနှုန်း ကျပ် (၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀)တန်း ဒု-ဦးစီးမှူး(အင်ဂျင်နီယာ) (၉)နေရာတွင် ဖြည့်တင်းခန့်ထား နိုင်ရန် ရေးဖြေစာမေးပွဲအား အ.ထ.က(၅)၊ဇမ္ဗူသီရိမြို့နယ်၊နေပြည်တော်တွင် အောက်ပါအတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ပြီး စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို ၂၄-၉-၂၀၂၁ ရက် (သောကြာနေ့) တွင် ရုံးအမှတ်(၆)၊ လျှပ်စစ်စွမ်းအားစီမံရေးဦးစီးဌာန၊ နေပြည်တော်၌ ရုံးချိန်အတွင်း ထုတ်ပေး မည်ဖြစ်ပါသည် -

               စစ်ဆေးမည့် ရက်၊ နေ့                      စစ်ဆေးမည့် ဘာသာရပ်နှင့် အချိန်

               ၂၅-၉-၂၀၂၁(စနေနေ့)                       ဘာသာရပ်ဆိုင်ရာနှင့် အင်္ဂလိပ်စာမေးခွန်း

                                                                      နံနက်(၀၉:၀၀)နာရီမှ (၁၂:၀၀)နာရီထိ

၂။           စာမေးပွဲဖြေဆိုသူများမှ လူတွေ့စစ်ဆေးခြင်း ခံယူရမည့် အမည်စာရင်းအား (၂၆-၉-၂၀၂၁)ရက်နေ့တွင် ရုံးအမှတ်(၆)၌ ထုတ်ပြန်ကြေငြာမည်ဖြစ်ပြီး လူတွေ့စစ်ဆေးခြင်း အား (၂၇-၉-၂၀၂၁)ရက် (တနင်္လာနေ့)တွင် ရုံးအမှတ်(၆)၊ လျှပ်စစ်စွမ်းအားစီမံရေးဦးစီးဌာန၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

၃။           စာမေးပွဲဖြေဆိုမည့်သူများသည် စာမေးပွဲဖြေဆိုရန် နေပြည်တော်သို့လာရောက်ပါက Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်၍ ရေးဖြေစာမေးပွဲအား ဖြေဆိုကြရန် ဖြစ်ပါသည်။

၄။           အခြားသိရှိလိုသည်များရှိပါက လူအင်အားစီမံရေးဌာနခွဲ၊ လျှပ်စစ်စွမ်းအားစီမံရေး ဦးစီးဌာန၊ ရုံးအမှတ်(၆)၊ နေပြည်တော် (ဖုန်းနံပါတ် ၀၆၇-၃၄၁၁၁၃၄)သို့ ရုံးချိန်အတွင်း ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

 

လျှပ်စစ်စွမ်းအားစီမံရေးဦးစီးဌာန

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၄ ရက်

Download Link : Advertise_for_SAE.pdf
Post under by : လျှပ်စစ်စွမ်းအားစီမံရေးဦးစီးဌာန(DEPP)
14-Sep-2021