လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန
လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း
ကြော်ငြာစာအမှတ် ၁/၂၀၂၁
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ( ၃ ) ရက်
အကြောင်းအရာ။ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းမှ ခေါ်ယူသော အငယ်တန်းအင်ဂျင်နီယာ-၂ ရာထူးရေးဖြေစာမေးပွဲ ကျင်းပမည့်နေ့ရက် အသိပေးကြော်ငြာခြင်း
၁။ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၏ (၁၃.၁၁.၂၀၂၀) ရက်စွဲပါ ကြော်ငြာစာအမှတ် (၁/၂၀၂၀) ဖြင့် ကြော်ငြာခေါ်ယူခဲ့သည့် အငယ်တန်းအင်ဂျင်နီယာ-၂ (မြို့ပြ)/(စက်မှု)/ (လျှပ်စစ်) ရာထူး (၈၇)နေရာ အတွက် ရေးဖြေစာမေးပွဲကို အောက်ပါအတိုင်းကျင်းပပြုလုပ်မည်ဖြစ်ပါသည်-
(က) ရက်စွဲ - (၁၆.၁၀.၂၀၂၁) ရက်နေ့ ( စနေနေ့)
( ခ ) အချိန် - (၀၉:၀၀ ) နာရီမှ (၁၁:၀၀) နာရီအထိ အင်္ဂလိပ်စာဘာသာရပ်
(၁၃:၀၀) နာရီမှ (၁၅:၀၀) နာရီအထိ အင်ဂျင်နီယာဘာသာရပ်
( ဂ ) နေရာ - နေပြည်တော်
၂။ အဆိုပါ ရေးဖြေစာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို (၁၃.၁၀.၂၀၂၁) ရက်နေ့မှ (၁၄.၁၀.၂၀၂၁) ရက်နေ့အထိ နံနက် (၀၉:၃၀) နာရီမှ ညနေ(၁၆:၀၀) နာရီ အထိ ရုံးချိန်အတွင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ရုံးအမှတ်(၂၇)၊ စီမံခန့်ခွဲရေးဌာနသို့ နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့်အတူ လူကိုယ်တိုင်လာရောက် ထုတ်ယူနိုင်ပါသည်။
၃။ ရေးဖြေစာမေးပွဲဖြေဆိုခွင့် ရရှိသူများစာရင်းကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန Website တွင် ဝင်ရောက်ကြည့်ရှု့နိုင်ပါသည်။