The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန စိတ်ဝင်စားမှုအဆိုပြုလွှာ(Expression of Interest- EOI)ဖိတ်ခေါ်ခြင်း

၁။       လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ ဓာတ်မြေဩဇာစက်ရုံများနှင့် ရေနံချက်စက်ရုံများကို ပြုပြင်မွမ်းမံခြင်း၊ ကာလရှည်ငှားရမ်းခြင်းနှင့် စက်ရုံအသစ် တည်ဆောက် ခြင်း လုပ်ငန်းများဆောင်ရွက်ရန်အတွက် တင်ဒါခေါ်ယူရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါတင်ဒါခေါ်ယူရေးလုပ်ငန်း ဆောင်ရွက်ရန်အတွက် စိတ်ဝင်စားသည့် ပြည်တွင်း၊ ပြည်ပ လုပ်ငန်းရှင်များအား စိစစ်ရွေးချယ်ပေးနိုင်ရန် နည်းပညာအရသော်လည်းကောင်း၊ ငွေကြေးနှင့် ဥပဒေလုပ်ထုံးလုပ်နည်းများအရသော်လည်းကောင်း၊ အတွေ့အကြုံနှင့် အရည်အချင်း ပြည့်စုံ သော နိုင်ငံတကာအဆင့် အကြံပေးပုဂ္ဂိုလ်/အဖွဲ့အား ငှားရမ်းဆောင်ရွက်လိုပါသဖြင့် စိတ်ဝင်စားမှု အဆိုပြုလွှာများ တင်သွင်းရန် ဖိတ်ခေါ်ပါသည်။

၂။       စိတ်ဝင်စားမှု အဆိုပြုလွှာ(EOI)ကို အောက်ဖော်ပြပါလိပ်စာသို့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့ မွန်းတည့် (၁၂:၀၀) နာရီ နောက်ဆုံးထား၍ လူကိုယ်တိုင် လာရောက် ပေးပို့ရမည် (သို့မဟုတ်) အမြန်ချောဖြင့် ပေးပို့ရမည်ဖြစ်ပါသည်-

          ညွှန်ကြားရေးမှူး(စီမံကိန်းနှင့်စီးပွားရေးရာစီမံခန့်ခွဲရေးဌာနခွဲ)

          ရေနံနှင့်သဘာဝဓာတ်ငွေ့စီမံရေးဦးစီးဌာန

          ရုံးအမှတ်(၆)၊ နေပြည်တော်

တယ်လီဖုန်းအမှတ် :  ၀၆၇   ၃၄၁၁၁၁၄၊ ၃၄၁၁၁၁၅

Email: oilandgasplanningdepartment@gmail.com

၃။       EOI တင်ပြရန်အတွက် လိုအပ်သည့်အချက်အလက်များကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာန၏ Website  https://www.moee.gov.mmတွင် ကြည့်ရှုနိုင်ပါသည်။  အခြားသိရှိလိုသည့် အချက်အလက်များရှိပါက အထက်ဖော်ပြပါလိပ်စာသို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင် ပါသည်။

Post under by : ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံရေးဦးစီးဌာန(OGPD)
26-Dec-2021