The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှခေါ်သော အငယ်တန်းအင်ဂျင်နီယာ(၂)၊ဒုတိယ ဦးစီးမှူး နှင့် လျှပ်စစ်ကျွမ်းကျင်(၂)ရာထူးနေရာများ၌ ခန့်ထားနိုင်ရေးအတွက် ရေးဖြေစာမေးပွဲကျင်းပမည့်နေ့ရက် အသိပေးကြေညာခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

ကြော်ငြာစာအမှတ်(၂/၂၀၂၁)

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ   ၃၀    ရက်

အကြောင်းအရာ။      လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှခေါ်သော အငယ်တန်းအင်ဂျင်နီယာ(၂)၊ဒုတိယ ဦးစီးမှူး နှင့် လျှပ်စစ်ကျွမ်းကျင်(၂)ရာထူးနေရာများ၌  ခန့်ထားနိုင်ရေးအတွက် ရေးဖြေစာမေးပွဲကျင်းပမည့်နေ့ရက် အသိပေးကြေညာခြင်း

၁။            လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ကြော်ငြာစာအမှတ်(၁/၂၀၂၁)ပါ အငယ်တန်းအင်ဂျင် နီယာ(၂) ၊ ဒုတိယဦးစီးမှူးနှင့် လျှပ်စစ်ကျွမ်းကျင်(၂)ရာထူး (၅၅၂)နေရာအတွက် ရေးဖြေစာမေးပွဲကို စာစစ်ဌာန(၅)ခု၌ အောက်ပါအတိုင်း တပြိုင်တည်းကျင်းပပြုလုပ်မည်ဖြစ်ပါသည်-

               (က)    ရက်စွဲ       ၉.၁.၂၀၂၂ ရက်နေ့(တနင်္ဂနွေနေ့)

               (ခ)     အချိန်       (၀၉:၀၀)နာရီမှ(၁၁:၀၀)နာရီအထိ               အင်္ဂလိပ်စာဘာသာရပ်

                                        (၁၃:၀၀)နာရီမှ(၁၅:၀၀)နာရီအထိ               အင်ဂျင်နီယာဘာသာရပ်

               (ဂ)     နေရာ       နေပြည်တော် ၊ ရန်ကုန် ၊ မန္တလေး ၊ မကွေး ၊ မော်လမြိုင်

၂။            စာစစ်ဌာနအလိုက် ရေးဖြေဖြေဆိုရမည့်စာစစ်ဌာနများမှာ-

               စဉ်      စာစစ်ဌာန                ရေးဖြေစာမေးပွဲဖြေဆိုရမည့်နေရာ

               (က)    နေပြည်တော်           အထက( ၅ ) နေပြည်တော် ၊ မြို့မဈေးအနီး။

               (ခ)     ရန်ကုန်                    အလုံအထက( ၄ ) ၊ အလုံမြို့နယ် ၊ ရန်ကုန်။

               (ဂ)     မန္တလေး                   အထက( ၁၆ ) ၊ ၂၈ လမ်း ၊ ( ၆၈x၆၉ )ကြား ၊

                                                       ချမ်းအေးသာစံမြို့နယ် ၊ မန္တလေး။

               (ဃ)    မကွေး                     အထက( ၁ ) ၊ မကွေးမြို့။

               (င)     မော်လမြိုင်               မွန်ပြည်နယ်ခန်းမ ၊ မွန်ပြည်နယ်။

၃။            ရေးဖြေစာမေးပွဲဖြေဆိုခွင့်ရရှိသူများ၏ အမည်နှင့်ခုံနံပါတ်များကိုလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာန Website တွင် ဝင်ရောက်ကြည့်ရှုနိုင်ပြီး ၊ စာမေးပွဲဖြေဆိုခွင့်ကတ်ပြားကို( ၇.၁.၂၀၂၂ )ရက်နေ့မှ (၈.၁.၂၀၂၂)ရက်နေ့အထိ နံနက်(၀၉:၃၀)နာရီမှ ညနေ(၁၆:၃၀)နာရီအထိ ရုံးချိန်အတွင်းမိမိတို့ ဖြေဆိုခွင့် တင်ပြလျှောက်ထားခဲ့သည့် စာစစ်ဌာနတည်ရှိရာရုံးများတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား နှင့်အတူ လူကိုယ်တိုင်လာရောက်ထုတ်ယူနိုင်ပါသည်။

 

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

Download Link : SAE-552_(29_12_2021).pdf
Post under by : လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း(ESE)
30-Dec-2021