The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လူတွေ့စစ်ဆေးခြင်း ဖြေဆိုခွင့်ရရှိသူများစာရင်း ထုတ်ပြန်ကြေညာခြင်း

၁။      လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းတွင် အသစ်ခေါ်ယူခန့် ထားရန် သတင်းစာနှင့် Website မှ ကြော်ငြာခေါ်ယူခဲ့သော လစာနှုန်း ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀ တန်း ဘူမိဗေဒလက်ထောက်(၂)၊ ဘူမိရူပဗေဒလက်ထောက်(၂)၊ သုတေသနလက်ထောက်(၂)၊ တိုင်းထွာရေး(၂)၊ အငယ်တန်းအင်ဂျင်နီယာ(၂)၊ ဒု-ကြီးကြပ်ရေးမှူး၊ စာရင်းကိုင်(၂)ရာထူးနေရာများအတွက် ၂၆-၁၂-၂၀၂၁ ရက် (တနင်္ဂနွေနေ့)၌ ကျင်းပပြုလုပ်ခဲ့သည့် အရည်အချင်းစစ်ရေးဖြေစာမေးပွဲကို ဖြေဆိုအောင်မြင်ပြီး လူတွေ့စစ်ဆေးခြင်းဖြေဆိုခွင့်ရရှိသူများ၏ အမည်စာရင်းအား ပူးတွဲပါအတိုင်း ထုတ်ပြန်ကြေညာလိုက် သည်။

၂။       လူတွေ့စစ်ဆေးခြင်းဖြေဆိုခွင့်ရရှိသူများအား လူတွေ့စစ်ဆေးခြင်းကို မြန်မာ့ရေနံနှင့်သဘာဝ ဓာတ်ငွေ့လုပ်ငန်း၊ ရုံးအမှတ်(၄၄)၊ နေပြည်တော်တွင် အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်သွား မည်ဖြစ်ပြီး ဖြေဆိုရမည့်နေ့ရက်များအလိုက် နံနက် ၉:၀၀ နာရီအရောက် သက်ဆိုင်ရာဌာနသို့ သတင်း ပေးပို့သွားရန် ဖြစ်ပါသည်-

စဉ်

ရာထူး

ဦးရေ

လူတွေ့ဖြေဆိုရမည့် နေ့ရက်၊ အချိန်

(က)

ဘူမိဗေဒလက်ထောက်(၂)

၂၆

၂၈-၁-၂၀၂၂ ရက် (သောကြာနေ့)၊ နံနက်(၉:၀၀)နာရီ

(ခ)

ဘူမိရူပဗေဒလက်ထောက်(၂)

(ဂ)

ဒု-ကြီးကြပ်ရေးမှူး

(ဃ)

စာရင်းကိုင်(၂)

(င)

အငယ်တန်းအင်ဂျင်နီယာ(၂)(တွင်းတူး)

(စ)

အငယ်တန်းအင်ဂျင်နီယာ(၂)(စက်မှု)(ဘူမိရူပ)

(ဆ)

အငယ်တန်းအင်ဂျင်နီယာ(၂)(တူးဖော်ရေး)

၁၃

၂၉-၁-၂၀၂၂ ရက် (စနေနေ့)၊

နံနက်(၉:၀၀)နာရီ

(ဇ)

အငယ်တန်းအင်ဂျင်နီယာ(၂)(စက်မှု)

၂၇

(ဈ)

အငယ်တန်းအင်ဂျင်နီယာ(၂)(ပိုက်လိုင်း)

၃၀-၁-၂၀၂၂ ရက်(တနင်္ဂနွေနေ့)၊ နံနက်(၉:၀၀)နာရီ

(ည)

အငယ်တန်းအင်ဂျင်နီယာ(၂)(ဆောက်လုပ်ရေး)

၁၀

(ဋ)

အငယ်တန်းအင်ဂျင်နီယာ(၂)(လျှပ်စစ်)

(ဌ)

အငယ်တန်းအင်ဂျင်နီယာ(၂)(သယ်ပို့)

(ဍ)

အငယ်တန်းအင်ဂျင်နီယာ(၂)(IT)

(ဎ)

အငယ်တန်းအင်ဂျင်နီယာ(၂)(ဆက်သွယ်ရေး)

၄။      ထိုသို့ လူတွေ့ဖြေဆိုရန်လာရောက်သည့်အချိန်တွင် အောက်ဖော်ပြပါစာရွက်စာတမ်း(မူရင်း)များ မပျက်မကွက်  ယူဆောင်လာရမည်ဖြစ်ပါသည်-

             (က)    နိုင်ငံသားစိစစ်ရေးကဒ်ပြား

(ခ)     တက္ကသိုလ်ဝင်စာမေးပွဲအောင်လက်မှတ်

(ဂ)     ဘွဲ့လက်မှတ်

(ဃ)    အလုပ်သမားမှတ်ပုံတင်ကတ်ပြား

၅။      အသေးစိတ်သိရှိလိုပါက မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ အထွေထွေစီမံခန့်ခွဲရေးဌာန၊ ဖုန်းနံပါတ် ၀၆၇-၃၄၁၁၃၃၉ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

 

မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း

Download Link : 216.pdf
Post under by : ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD)
21-Jan-2022