ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန
ရေးဖြေစာမေးပွဲအောင်မြင်သူများစာရင်းထုတ်ပြန်ခြင်း
ကြော်ငြာစာအမှတ်( ၁ / ၂၀၂၂ )
၂၀၂၂ ခုနှစ် ၊ ဖေဖော်ဝါရီလ ( ၄ )ရက်
၁။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန လက်အောက်ဌာနအသီးသီးတွင် ဖြည့်တင်းခန့်ထားရန် အတွက် အငယ်တန်းအင်ဂျင်နီယာ(၂) ၊ ဒု-ဦးစီးမှူး(စက်/လျှပ်) (မြို့ပြ)နှင့် လျှပ်စစ်ကျွမ်းကျင်(၂)ရာထူး စုစုပေါင်း ( ၅၅၂ )နေရာကို သတင်းစာမှ ထုတ်ပြန်ကြော်ငြာခေါ်ယူခဲ့ပြီး ရေးဖြေစာမေးပွဲအား စာစစ်ဌာန( ၅ )ခု၌ (၉ . ၁ . ၂၀၂၂)ရက်နေ့တွင် ဖြေဆိုခဲ့ကြသူများအနက်မှ လူတွေ့အရည်အချင်းစစ်ဆေးခံရန် အောင်မြင်သူ များမှာ အောက်ပါအတိုင်းဖြစ်ပြီး ဖော်ပြပါရက်များအလိုက် လူတွေ့စစ်ဆေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည် -