The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ ဓာတ်မြေဩဇာစက်ရုံများနှင့် ရေနံချက်စက်ရုံများကို ပြုပြင်မွမ်းမံခြင်း၊ ကာလရှည်ငှားရမ်းခြင်းနှင့် စက်ရုံအသစ်တည်ဆောက် ခြင်းလုပ်ငန်းများကို တင်ဒါခေါ်ယူဆောင်ရွက်ရန်အတွက် လိုအပ်သည့် နည်းပညာပိုင်း၊ ငွေကြေးပိုင်း၊ ဥပဒေပိုင်းဆိုင်ရာ အတွေ့အကြုံနှင့်အရည်အချင်း ပြည့်စုံသော နိုင်ငံတကာအဆင့် အကြံပေးပုဂ္ဂိုလ်/ အဖွဲ့ ငှားရမ်းဆောင်ရွက်နိုင်ရေးနှင့်စပ်လျဉ်း၍ စိတ်ဝင်စားမှု အဆိုပြုလွှာ(Expression of Interest-EOI) တင်ပြလာသည့် ကုမ္ပဏီစာရင်း

 

၁။      လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ ဓာတ်မြေဩဇာစက်ရုံများနှင့် ရေနံချက်စက်ရုံများကို ပြုပြင်မွမ်းမံခြင်း၊ ကာလရှည်ငှားရမ်းခြင်းနှင့် စက်ရုံအသစ်တည်ဆောက် ခြင်းလုပ်ငန်းများကို တင်ဒါခေါ်ယူဆောင်ရွက်ရန်အတွက် လိုအပ်သည့် နည်းပညာပိုင်း၊ ငွေကြေး ပိုင်း၊ ဥပဒေပိုင်းဆိုင်ရာ အတွေ့အကြုံနှင့်အရည်အချင်း ပြည့်စုံသော နိုင်ငံတကာအဆင့် အကြံပေးပုဂ္ဂိုလ်/အဖွဲ့ ငှားရမ်းဆောင်ရွက်နိုင်ရေးနှင့်စပ်လျဉ်း၍ စိတ်ဝင်စားမှုအဆိုပြုလွှာ (Expression of Interest- EOI) တင်ပြရန် စိတ်ဝင်စားသည့် အကြံပေးပုဂ္ဂိုလ်/အဖွဲ့ များကို ၂၆-၁၂-၂၀၂၁ ရက်နေ့မှစ၍ နိုင်ငံပိုင်သတင်းစာများတွင် ဖိတ်ခေါ်ခဲ့ရာ  ကုမ္ပဏီ (၃) ခုမှ စိတ်ဝင်စားမှု အဆိုပြုလွှာ(EOI)  တင်သွင်းခဲ့ကြပါသည်။

၂။       အဆိုပါ စိတ်ဝင်စားမှုတင်ပြလာသည့် ကုမ္ပဏီများအား အဆိုပြုတင်သွင်းလွှာ ( Request for Proposal) အားပေးပို့၍ တင်ဒါဖိတ်ခေါ် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

Post under by : ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံရေးဦးစီးဌာန(OGPD)
04-Mar-2022