၂၀၂၂ ခုနှစ်၊ မတ်လ ( ၂၄ ) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး၊ ဒုတိယဝန်ကြီး ဦးသန့်စင်နှင့် တာဝန်ရှိသူများသည် ဥရောပ-အာရှ စီးပွားရေးကော်မရှင်အဖွဲ့အား ၂၀၂၂ ခုနှစ် ၊ မတ်လ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ဥရောပ-အာရှ စီးပွားရေးကော်မရှင်အဖွဲ့ဝင် နိုင်ငံများ အကြား ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်ခြင်းဆိုင်ရာ ကိစ္စရပ်များ ၊ ရေအား လျှပ်စစ်စီမံကိန်းများတည်ဆောက်၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်/ဖြန့်ဖြူးရေးဆိုင်ရာ ကိစ္စရပ်များ နှင့် နေရောင်ခြည်စွမ်းအင်စီမံကိန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များတွင် အကျိုးတူ ပူးပေါင်း ဆောင်ရွက်သွားရန်အတွက် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။