The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် နေပြည်တော်ကောင်စီနယ်မြေအတွင်း လျှပ်စစ်ကဏ္ဍဆိုင်ရာလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

၂၀၂၂ ခုနှစ်၊ မေလ (၇ ) ရက်         

             လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် သည် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျနှင့် ဌာနဆိုင်ရာ တာဝန် ရှိသူများလိုက်ပါလျှက် ၂၀၂၂ ခုနှစ်၊ မေလ ၇ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီ နယ်မြေ အတွင်းရှိ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန၊ နေပြည်တော် အမှတ် (၁) ပင်မ ဓာတ်အားခွဲရုံနှင့် Solar Power Plant တည်ဆောက်ရန် စီမံကိန်း ဖြစ်မြောက်နိုင်စွမ်းရှိသည့် နေရာ များသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။   

             ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေး ဦးစီးဌာန၊ နေပြည်တော် အမှတ်(၁)ပင်မဓာတ်အားခွဲရုံသို့ရောက်ရှိရာ ဓာတ်အားခွဲရုံမှူးက ဓာတ်အား ခွဲရုံဆိုင်ရာ အချက်အလက်များ၊ ဓာတ်အားလက်ခံ ပို့လွှတ်ဖြန့်ဖြူးပေးနေမှု အခြေအနေများနှင့် ထရန်စဖော်မာ တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေ တို့အား ရှင်းလင်း တင်ပြရာ ပြည်ထောင်စုဝန်ကြီးက အန္တရာယ်ကင်းရှင်းစွာဖြင့် ဓာတ်အား စဉ်ဆက်မပြတ် ပို့လွှတ် ဖြန့်ဖြူးပေးနိုင်ရေး၊ ဗို့အား ပြည့်ပြည့်ဝဝဖြင့် ပြည်သူလူထု အသုံးပြုနိုင်ရေး၊ ဓာတ်အားပျောက်ဆုံးမှု လျှော့နည်းကျဆင်းရေး၊ ဓာတ်အားခွဲရုံသုံးလျှပ်စစ်ပစ္စည်းများ ကြံ့ခိုင်ကောင်းမွန်ရေး၊ ဓာတ်အားခွဲရုံ နှင့် ရုံးအဆောက်အဦး သန့်ရှင်းသာယာလှပရေး၊ လုံခြုံရေး သတိအမြဲရှိစေရေး၊ သတ်မှတ် လုပ်သက်ပြည့် ဝန်ထမ်းများအား ရာထူးတိုးမြှင့်ပေးနိုင်ရေး၊ ဝန်ထမ်းများ သက်သာချောင်ချိရေးနှင့် ဓာတ်အားခွဲရုံအတွင်းရှိ မြေနေရာလွတ်များတွင် စိုက်ပျိူးမွေးမြူရေးလုပ်ငန်းများအား ဆောင်ရွက် သွားနိုင်ရေး စီမံဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး ဓာတ်အားထိန်းချုပ်ခန်းအတွင်း ဓာတ်အားပို့လွှတ် ဖြန့်ဖြူးပေးနေမှု အခြေအနေများနှင့် Switch Yard အတွင်း ထရန်စဖော်မာ တိုးချဲ့တပ်ဆင် တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေတို့အား လှည့်လည်ကြည့်ရှုစစ်ဆေး ခဲ့ပြီး ထရန်စဖော်မာ တိုးချဲ့တပ်ဆင်တည်ဆောက်ခြင်း လုပ်ငန်းများ အချိန်မီ ပြီးစီးရေး အလေးထား ဆောင်ရွက်သွားရန် မှာကြားခဲ့ပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ Floating Solar နှင့် Ground Mounted ပူးတွဲလျက် Solar Power Plant စီမံကိန်း ဖြစ်မြောက် နိုင်စွမ်းရှိသည့်နေရာများသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး လုပ်ငန်းမှ ဒုတိယဦးဆောင်ညွှန်ကြားရေးမှူး ဦးစိုးဝင်းနှင့်် တာဝန်ရှိသူများက Solar Power Plant စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ဖြည့်စွက်ရှင်းလင်း တင်ပြခဲ့ပါသည်။ တင်ပြချက်များ အပေါ် ပြည်ထောင်စုဝန်ကြီးက စီမံကိန်းလုပ်ငန်းများ အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရေး လိုအပ်သည်များအား မှာကြားခဲ့ပြီး Floating Solar နှင့် Ground Mounted ပူးတွဲလျက် Solar Power Plant စီမံကိန်းဖြစ်မြောက်နိုင်စွမ်းရှိသည့် နေရာများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ ပါသည်။

Post under by : ဝန်ကြီးရုံး
07-May-2022