The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန ဝန်ထမ်းများ စွမ်းဆောင်မှု အရည်အသွေးတိုးတက်မြင့်မားစေရေး မွမ်းမံသင်တန်းများ သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်

၂၀၂၂  ခုနှစ် ၊ ဇွန်လ ( ၃ ) ရက်

               လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန ဝန်ထမ်းများ စွမ်းဆောင်မှု အရည် အသွေး တိုးတက်မြင့်မားစေရေး မွမ်းမံသင်တန်းများဆင်းပွဲ အခမ်းအနားကို ၂၀၂၂ ခုနှစ်၊ ဇွန်လ (၃) ရက်နေ့၊ နံနက်(၀၈:၃၀) နာရီအချိန်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၊ နေပြည်တော်ဗဟိုသင်တန်း ကျောင်း၌   Covid- 19  ကာကွယ်ရေး နည်းစနစ်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ပါသည်။

               အဆိုပါအခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျ၊ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာန များနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ဌာနအကြီးအကဲ များ ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။

               ရှေးဦးစွာ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်က သင်တန်းဆင်း အမှာစကား ပြောကြားရာတွင်  ဖွင့်လှစ်ပြီးစီးခဲ့သည့်  ဓာတ်အားခွဲရုံများ တည်ဆောက်/ မောင်းနှင်/ ထိန်းသိမ်း ပြုပြင်ခြင်း သင်တန်းတွင် ဓာတ်အားခွဲရုံများ စတင်တည်ဆောက်သည်မှ လည်ပတ်မောင်းနှင်သည် အထိ ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်နိုင်စေရန် ခွဲရုံအင်ဂျင်နီယာများအတွက် ထိန်းသိမ်းမောင်းနှင်ကွပ်ကဲရေး၊ စီမံရေး၊ ခွဲရုံပစ္စည်းများ ထိန်းသိမ်းပြုပြင်ရေး၊ စက်ကိရိယာများ တပ်ဆင်ရေးနှင့် စစ်ဆေးရေး စသည့် ဘာသာရပ်များအားလည်းကောင်း၊ အင်ဂျင်နီယာများ စီမံခန့်ခွဲရေးသင်တန်းအနေဖြင့် မြို့နယ်အင်ဂျင်နီယာများ သိသင့်သိထိုက်သည့် ဓာတ်အားခွဲရုံ Main Transformer များအကြောင်း၊ လိုင်းနှင့်ခွဲရုံ ထိန်းသိမ်းပြုပြင်ခြင်း၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရန် လိုက်နာဆောင်ရွက်ရမည့်အချက်များ ဓာတ်အားဖြန့်ဖြူးရေးစနစ် တိုးတက်ကောင်းမွန်စေရေးနှင့် ယူနစ်ပျောက်ဆုံးမှုလျော့နည်းရေး၊ ဓာတ်အားခ ကြွေးကျန်များ ကျဆင်းရေးအတွက် ဆောင်ရွက်ရ မည့် ဘဏ္ဍာရေးလုပ်ငန်းစဉ်များစသည့် ဘာသာရပ်များအားလည်းကောင်း၊ လျှပ်စစ်စမ်းသပ် စစ်ဆေးရေးသင်တန်းတွင် ဓာတ်အားစနစ်ကွန်ယက်ဆိုင်ရာ တပ်ဆင်ရေးနှင့် ထိန်းသိမ်းပြုပြင်ရေး လုပ်ငန်းများကို သင်တန်းသားများကိုယ်တိုင် လက်တွေ့လုပ်ဆောင်နိုင်သည်အထိ စာတွေ့/ လက်တွေ့ ပို့ချပေးခဲ့ပြီးဖြစ်ပါကြောင်း၊ စာရင်းအင်းအချက်အလက် ပြုစုခြင်းနှင့် သုံးသပ်တင်ပြခြင်း သင်တန်းတွင်လည်း အသုံးချစာရင်းအင်း ပညာဆိုင်ရာသိကောင်းစရာများ၊ လူမှုစီးပွားတိုးတက်မှုကို တိုင်းတာသည့် ညွှန်းကိန်းများကို နှိုင်းယှဉ်သုံးသပ်ခြင်းများ၊ သုတေသနလုပ်ငန်းများအတွက် လိုအပ်သည့် စစ်တမ်းကောက်ယူခြင်းနည်းပညာများ၊ စာရင်းအင်းနည်းပညာ software များ အသုံးပြု၍ သုံးသပ်တင်ပြခြင်းများအား ကောင်းမွန်စွာ ရေးသားဆောင်ရွက်နိုင်သည့်အထိ သင်ကြား ပို့ချပေးခဲ့ပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ သင်တန်းသားများအနေဖြင့် ရောက်ရှိရာနေရာများတွင် အကောင်းဆုံးဖြစ်အောင် ကြိုးစားရမည်ဖြစ်ပြီး သင်တန်းမှရရှိသော အတွေ့အကြုံများကိုအခြေခံ၍ သင်ယူလေ့လာခဲ့သည့် စာတွေ့၊ လက်တွေ့များကို မိမိတို့လုပ်ငန်းခွင်အသီးသီးတွင် အကျိုးရှိရှိ ပြန်လည် အသုံးချသွားရန်နှင့် နည်းပညာအသစ်များအား စဉ်ဆက်မပြတ်လေ့လာသွားစေရေးတို့အား မှာကြားလိုကြောင်း၊ နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်များ မပျက်စီးမဆုံးရှုံးစေရေးအတွက် လျှပ်စစ်အန္တရာယ် ဖြစ်စေနိုင်သည့်အချက်များကို ကြိုတင်ကာကွယ်ဆောင်ရွက်ခြင်း၊ ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက် အသိပညာပေးခြင်းများ ဆောင်ရွက်ရမည်ဖြစ်ပြီး သင်တန်းသားများအနေဖြင့် တိုးတက်လာသော နည်းပညာရပ်ဆိုင်ရာများအား သင်ကြားပေးလိုက် သည့် သင်ခန်းစာများကိုအခြေခံ၍ ဆက်လက် လေ့လာဆည်းပူးပြီး ဌာနအကျိုး၊ ပြည်သူ့အကျိုး၊ နိုင်ငံ့အကျိုးတို့ကို ကောင်းမွန်သည့် စိတ်စေတနာအပြည့်ဖြင့် ဆောင်ရွက်နိုင်သော ဝန်ထမ်းကောင်း များ ဖြစ်အောင် ကြိုးပမ်းကြပါလို့ မှာကြားလိုကြောင်း ပြောကြားခဲ့ပါသည်။

          ထို့နောက် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်က စာရင်းအင်းအချက်အလက် ပြုစုခြင်းနှင့် သုံးသပ်တင်ပြခြင်းသင်တန်းနှင့် ဓာတ်အားခွဲရုံများ တည်ဆောက်/မောင်းနှင်/ ထိန်းသိမ်း ပြုပြင်ခြင်းသင်တန်း အမှတ်စဉ်(၂)တို့တွင် ထူးချွန်ဆုရရှိသူများအားလည်းကောင်း ၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက အင်ဂျင်နီယာများ စီမံခန့်ခွဲရေးသင်တန်း အမှတ်စဉ်(၂)တွင်ထူးချွန်ဆုရရှိသူများအားလည်းကောင်းအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းဆင်း လက်မှတ်များအား သက်ဆိုင်ရာ ဦးစီးဌာနများအလိုက် ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးဆောင် ညွှန်ကြားရေးမှူးတို့မှ  သင်တန်းသားများထံ ပေးအပ်ခဲ့ပြီး သင်တန်းဆင်းပွဲအပြီးတွင် ဒုတိယဝန်ကြီး များနှင့် ဌာနအကြီးအကဲများသည် သင်တန်းနည်းပြများနှင့် သင်တန်းသား/သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
03-Jun-2022