The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၊ ဓာတ်အားခွဲရုံများ တည်ဆောက်/ မောင်းနှင်/ ထိန်းသိမ် ပြုပြင်ခြင်း သင်တန်း အမှတ်စဉ်(၃)နှင့် အင်ဂျင်နီယာများစီမံခန့်ခွဲရေးသင်တန်းအမှတ်စဉ်(၃) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

 

၂၀၂၂ ခုနှစ် ၊ ဇွန်လ (  ၁၃  ) ရက်

               လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဓာတ်အားခွဲရုံများ တည်ဆောက်/ မောင်းနှင်/ ထိန်းသိမ်း ပြုပြင်ခြင်း သင်တန်းအမှတ်စဉ်(၃) နှင့် အင်ဂျင်နီယာများစီမံခန့်ခွဲရေးသင်တန်းအမှတ်စဉ်(၃)သင်တန်း ဖွင့်ပွဲ အခမ်းအနားကို ၂၀၂၂ ခုနှစ် ၊ ဇွန်လ ( ၁၃ ) ရက်နေ့၊ နံနက် ( ၀၉:၀၀ ) နာရီအချိန်တွင် လျှပ်စစ် စွမ်းအားဝန်ကြီးဌာန ၊ နေပြည်တော် ဗဟိုသင်တန်းကျောင်း၌   Covid- 19  ကာကွယ်ရေးနည်းစနစ်များ နှင့်အညီ ကျင်းပပြုလုပ်ခဲ့ပါသည်။

               အဆိုပါအခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျ၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာနများနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ဌာနအကြီးအကဲများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။

               ရှေးဦးစွာ ဒုတိယဝန်ကြီးက သင်တန်းဖွင့်အမှာစကား ပြောကြားရာတွင် သင်တန်းသား များသည် ကျွမ်းကျင်မှုနှင့် အရည်အချင်းကိုယ်စီရှိပြီးဖြစ်ရာ ယခုသင်တန်းမှ လျှပ်စစ်နည်းပညာနှင့် စီမံခန့်ခွဲရေး ပညာများအား ထပ်မံ လေ့လာသင်ယူကာ စွမ်းဆောင်ရည်မြင့်မားလာမှသာ မိမိတို့ ဝန်ကြီးဌာနက တာဝန်ယူ ဆောင်ရွက်နေရသည့် နိုင်ငံတော်နှင့် ပြည်သူများ၏ လျှပ်စစ်စွမ်းအား ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ၏ အရည်အသွေးတိုးတက်လာမည်ဖြစ်ပါကြောင်း ၊ နိုင်ငံတော်နှင့် ပြည်သူ့ကောင်းကျိုးအတွက် ပူးပေါင်းဆောင်ရွက်တတ်သည့် ဝန်ထမ်းကောင်းများ တိုးပွားလာ စေရန် ရည်ရွယ်၍ ယခုလိုသင်တန်းများအား ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ လျှပ်စစ်လုပ်ငန်းများ၌ IT နည်းပညာများဖြစ်သည့် Internet Of Things (IOT) , Artificial Intelligence (AI), Digital Substation နည်းပညာများကို အသုံးပြု၍ ကုန်ကျစရိတ်နှင့်   ပြုပြင်ရနည်းပါးစွာဖြင့် ထိရောက်သည့် စွမ်းဆောင်ရည်များ ရရှိနိုင်မည့် AIS, GIS, Mixed Technology Switchgear (MTS), Unmanned ဓာတ်အားပေးစက်ရုံ၊ ပင်မဓာတ်အားခွဲရုံ ဒီဇိုင်းများ ရေးဆွဲတတ်စေရန် လေ့ကျင့်သင်ကြားပေးသွား မည်ဖြစ်ပါကြောင်း၊ လျှပ်စစ်ပစ္စည်းများ စမ်းသပ်စစ်ဆေးခြင်း၊ ထိန်းသိမ်းမောင်းနှင်ခြင်း၊ တည်ဆောက်ခြင်းလုပ်ငန်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်တတ်စေရန် brainstorming techniques ဖြင့် သင်ကြားပေးမည် ဖြစ်ပါကြောင်း၊ ထို့အပြင် ဝန်ထမ်းစီမံခန့်ခွဲရေး၊ စည်းကမ်း ထိန်းသိမ်းရေးနှင့် စာရင်းစစ်ဆေးခြင်းလုပ်ငန်းများအား လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက် တတ်စေရန်နှင့် AMI စနစ်ကို Energy Meter, Server, Data Base နှင့် ဆက်သွယ်ရေးနည်းပညာ ပေါင်းစပ်ပြီး ခေတ်မီသည့် မီတာဖတ်ရှုမှုစနစ် ၊ ဓာတ်အားကွပ်ကဲ/ ထိန်းသိမ်း မောင်းနှင်သည့်စနစ် လုပ်ဆောင်မှုများပါဝင်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များမှ လျှပ်စစ် ဓာတ်အား ထုတ်လုပ်မှုတိုးတက်လာရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်၏ Generation Mix အတွင်း ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များမှ ထုတ်လုပ်မှုရာခိုင်နှုန်းကို စနစ်တကျ မြှင့်တင်သွားမည် ဖြစ်သဖြင့် နိုင်ငံတော်နှင့် ကမ္ဘာကြီးပူနွေးလာမှုကို လျော့ချပေးနိုင်မည်ဖြစ်ပြီး Net Zero Emissions ကိုရရှိရေး လိုက်နာကြိုးပမ်းဆောင်ရွက်ရာလည်းရောက်၍ ရေရှည် စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်သို့ ရောက်ရှိနိုင်မည်ဖြစ်ပါကြောင်း ၊ သင်တန်းသားများအနေဖြင့် သင်တန်းမှ ပို့ချချက်များ၊ အပြန်အလှန်ဆွေးနွေးခြင်းမှ ရရှိသည့် အသိပညာများ ၊ အချင်းချင်း ဖလှယ်လို့ရသည့် အတွေ့အကြုံများအရ လုပ်ငန်းတာဝန်များကို တက်ကြွစွာ ဆောင်ရွက်ကြပြီး မိမိတို့ဝန်ကြီးဌာန၏ မူဝါဒများ၊ ချမှတ်ထားသည့် စည်းကမ်းများနှင့်အညီ လျှပ်စစ်စွမ်းအား အင်ဂျင်နီယာကောင်းများအဖြစ် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန်အတွက် စိတ်ကောင်း စေတနာအပြည့် ဖြင့် စွမ်းစွမ်းတမံ ကြိုးစားအားထုတ် ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားခဲ့ပြီး ဒုတိယ ဝန်ကြီးနှင့် တာဝန်ရှိသူများအား သင်တန်းသား/သူများက တစ်ဦးချင်းစီအလိုက် မိတ်ဆက်စကား ပြောကြားကြပါသည်။

               လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဓာတ်အားခွဲရုံများ တည်ဆောက်/ မောင်းနှင်/ ထိန်းသိမ်း ပြုပြင်ခြင်း သင်တန်းအမှတ်စဉ်(၃)နှင့် အင်ဂျင်နီယာများစီမံခန့်ခွဲရေးသင်တန်းအမှတ်စဉ်(၃)သင်တန်း တို့ကို စာတွေ့/ လက်တွေ့ဖြင့် သင်တန်းသား (၅၀)ဦးအား ရက်သတ္တပတ် (၄) ပတ်ကြာ ဖွင့်လှစ် သင်ကြားပေးသွားမည်ပါသည်။

Post under by : ဝန်ကြီးရုံး
14-Jun-2022