The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန ၂၀၂၂ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကျင်းပ

၂၀၂၂  ခုနှစ်၊ ဇွန်လ ( ၂၇ ) ရက်

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန၏ ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲ အခမ်းအနားကို ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့၊ နံနက် ၀၈ : ၃၀ နာရီအချိန်တွင် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ နေပြည်တော် ဗဟိုသင်တန်းကျောင်းဝင်းအတွင်း မြေနေရာ၌ ကျင်းပပြုလုပ်ရာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်၊ လျှပ်စစ် စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်နှင့် ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာန၊ လုပ်ငန်းတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများ၊ ဌာနအကြီးအကဲများနှင့်  အရာထမ်း/ အမှုထမ်းများတက်ရောက်ကြပါသည်။

ရှေးဦးစွာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ စွမ်းအင် ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်တို့က  ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အထိမ်းအမှတ် အဖြစ် ကံ့ကော်ပင်များကို စတင်စိုက်ပျိုးပေးကြပြီး ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာန၊ လုပ်ငန်းတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ဌာနအကြီးအကဲများက ပျိုးပင်များကို သတ်မှတ်နေရာများတွင် တစ်ပြိုင်တည်း စိုက်ပျိုးပေးကြပါသည်။

ထို့နောက် အရာထမ်း၊ အမှုထမ်းများက ကံ့ကော်၊ ကျွန်း၊ ယူကလစ်၊ မယ်ဇလီ၊ ယမနေ၊ သပြေဘူတ၊ သပြေ၊ စွယ်တော်၊ တောင်မရိုး၊ မဟော်ဂနီ၊ မယ်ဇယ်၊ စိန်ပန်း၊ ပျဉ်းမ၊ သရက်၊ ဒန့်သလွန်၊ မာလကာ စသည့် ပျိုးပင်ပေါင်း ၂၇၆၈ ပင်အား စုပေါင်းစိုက်ပျိုးကြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် ဌာနအကြီးအကဲများက လှည့်လည်ကြည့်ရှု အားပေးခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
28-Jun-2022