၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၉ ရက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အတွက် ပညာသင်ထောက်ပံ့ကြေး ပေးအပ်ခြင်း၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်၀င် စာမေးပွဲတွင် အောင်မြင်သူများ၊ ဂုဏ်ထူးရ ကျောင်းသား/ကျောင်းသူများအား ပညာရည်ချွန်ဆု ချီးမြှင့်ခြင်းနှင့် ထူးချွန်ဆုရဝန်ထမ်းများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇) ၊ ရတနာခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသောင်းဟန် ၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာန၊ လုပ်ငန်း၊ ကော်ပိုရေးရှင်းများမှ ဥက္ကဋ္ဌများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနအကြီးအကဲများ၊ ထူးချွန်ဆုရ ကျောင်းသား/ကျောင်းသူများနှင့်မိဘများ၊ ထူးချွန်ဆုရ ဝန်ထမ်း များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပါသည်။
ရှေးဦးစွာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က အမှာစကားပြောကြားရာတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင် ဝန်ကြီး ဌာန၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် မူကြို၊ မူလတန်း၊ အလယ်တန်းအဆင့်များတွင် ပညာ သင်ကြားနေသည့် ဝန်ထမ်းသား/သမီးများကို ကျောင်းသုံးဗလာစာအုပ်နှင့် စာရေးကိရိယာများ ထောက်ပံ့ခြင်း၊ အထက်တန်းနှင့်တက္ကသိုလ်အသီးသီးတို့တွင် တက်ရောက် ပညာသင်ကြားနေသည့် ဝန်ထမ်းများ၏ သား/သမီးများကို ပညာသင်ထောက်ပံ့စရိတ် ချီးမြှင့်ခြင်း၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်မြင်သူများကို ဂုဏ်ပြုငွေနှင့် ဂုဏ်ထူးရကျောင်းသား/ကျောင်းသူ အသီးသီးကို ဂုဏ်ပြုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာတို့ကို ချီးမြှင့်ဂုဏ်ပြုသွားမည်ဖြစ်ပြီး သင်တန်း အသီးသီးတွင် ထူးချွန်ဆုရ ဝန်ထမ်းများကိုလည်း ဂုဏ်ပြုငွေ၊ ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြု မှတ်တမ်းလွှာတို့ကို ချီးမြှင့်သွားမည်ဖြစ်ပါကြောင်း၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင် ဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ ဦးစီးဌာန/လုပ်ငန်း/ ကော်ပိုရေးရှင်းများက ဝန်ထမ်းသား/သမီး များမှ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်မြင်သူများနှင့် ဂုဏ်ထူးရ ကျောင်းသား/ ကျောင်းသူအရေအတွက်သည် ခြောက်ဘာသာဂုဏ်ထူးရှင် (၅)ဦး၊ ငါးဘာသာ ဂုဏ်ထူးရှင် (၁၄)ဦး၊ လေးဘာသာဂုဏ်ထူးရှင် (၁၃)ဦး၊ သုံးဘာသာဂုဏ်ထူးရှင် (၁၈)ဦး၊ နှစ်ဘာသာ ဂုဏ်ထူးရှင် (၂၃)ဦးနှင့် တစ်ဘာသာဂုဏ်ထူးရှင် (၉၆)ဦး စုစုပေါင်း (၁၆၉)ဦး ရရှိခဲ့ပါကြောင်း၊ ယနေ့ အခမ်းအနားသည် ချီးမြှင့်ထိုက်သူကို ချီးမြှင့်ဂုဏ်ပြုသည့် အခမ်းအနားဖြစ်သည့်အတွက် ထူးချွန်ဆု ရရှိသူများနှင့် ကျောင်းသားမိဘများပါ ဝမ်းမြောက်ဂုဏ်ယူရမည့် မင်္ဂလာအခမ်းအနားဖြစ်သကဲ့သို့ ဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူများ အားလုံးအတွက်လည်း အားကျအတုယူဖွယ်ရာ စံနမူနာ ပြသည့် အခမ်းအနားတစ်ခုဖြစ်ပါကြောင်း၊ ယနေ့အချိန်တွင် နိုင်ငံတိုးတက်ရေးအတွက် ပညာရေး သည် အရေးကြီးသည့်ကဏ္ဍတစ်ခု ဖြစ်သည့်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် ပညာရေးကို ပထမဦးစားပေးအဖြစ် ပညာရေးမြှင့်တင်မှုများကို ဆောင်ရွက်နေပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် လည်း မိမိတို့၏ သား/သမီးများကို ပညာရေးတွင် နောက်ကျမကျန်ရစ်စေရန် ပြုစုပျိုးထောင် တွန်းအားပေးဆောင်ရွက် သွားစေလိုပါကြောင်း၊ ကျောင်းနေအရွယ်ကလေးတိုင်း ပညာလေ့လာ ဆည်းပူးနိုင်ရန်အတွက် မသင်မနေရ ပညာရေးစနစ် ဖော်ဆောင်နေသကဲ့သို့ အခမဲ့ပညာသင်ယူရေး စနစ်ကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်နေပါကြောင်း၊ ယနေ့တက်ရောက်ဆုယူကြသည့် ထူးချွန် ဝန်ထမ်းများနှင့် ကျောင်းသားလူငယ်များသည် ခိုင်မာသောယုံကြည်ချက်၊ ပြတ်သားသော ဆုံးဖြတ်ချက်၊ မဆုတ်မနစ်သောဇွဲ၊ လုံ့လ၊ ဝိရိယပြည့်ဝစွာဖြင့် ကြိုးစားအားထုတ်ခဲ့ကြသည့် အတွက် ယခုလိုအောင်မြင်မှု အသီးအပွင့်များကို ရရှိခံစားရခြင်းဖြစ်ပါကြောင်း၊ ယခုလို ကြိုးစားခဲ့ခြင်းကြောင့် မိမိ၏ဂုဏ်သိက္ခာသာမက ဝန်ကြီးဌာနဂုဏ်နှင့် မိဘ၊ ဆွေမျိုးဂုဏ်တို့ကို မြှင့်တင်ရာရောက်ပါ ကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်ထက်မြက်စွာ အောင်မြင်ကြသည့် ကျောင်းသား/ ကျောင်းသူများအနေဖြင့် ဆရာ/ မိဘအုပ်ထိန်းမှု အောက်တွင် စည်းကမ်းပြည့်ဝစွာဖြင့် ပညာရည် မြင့်မားတိုးတက်အောင် အစဉ်တစိုက် ကြိုးပမ်းအားထုတ်နိုင်ကြပြီး အနာဂတ်မြန်မာနိုင်ငံတော်ကြီး ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုနိုင်မည့် နိုင်ငံ့သားကောင်းများ ဖြစ်ကြပါစေကြောင်း နှင့် ထူးချွန်ဝန်ထမ်းများအနေဖြင့်လည်း ကျရာတာဝန်ကျေပွန်ပြီး လုပ်ငန်းစွမ်းဆောင်ရည် မြင့်မား သည့် ဝန်ထမ်းကောင်းများအဖြစ် နိုင်ငံ့အကျိုးကို သယ်ပိုးရွက်ဆောင်နိုင်ကြပါစေကြောင်း ပြောကြား ခဲ့ပါသည်။
ထို့နောက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဦးသောင်းဟန်က ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဝန်ထမ်းများ၏ သား/သမီးများအား ပညာသင် ထောက်ပံ့ကြေးနှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် (၆)ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သူများအားလည်းကောင်း၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်တို့က (၅)ဘာသာ ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သူများအားလည်းကောင်း၊ ဌာနအကြီးအကဲများက (၄)ဘာသာ ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သူများနှင့် ထူးချွန်ဆုရ ဝန်ထမ်းများအားလည်းကောင်း ပညာသင် ထောက်ပံ့ကြေး၊ ပညာရည်ချွန်ဆုနှင့် ဂုဏ်ပြုဆုငွေ စုစုပေါင်းငွေကျပ် ၆၅၇,၆၆၅,၀၀/- (ကျပ် ခြောက်ရာငါးဆယ့်ခုနှစ်သိန်း ခြောက်သောင်း ခြောက်ထောင့်ငါးရာတိတိ/-) အား အသီးသီး ချီးမြှင့်ခဲ့ ကြပြီး ဂုဏ်ထူးရ ကျောင်းသား/ကျောင်းသူများကိုယ်စား (၆) ဘာသာဂုဏ်ထူးရှင် မဆုရတနာထွန်း က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ ဌာန အကြီးအကဲများသည် ထူးချွန်ဆုရ ဝန်ထမ်းများ၊ ဂုဏ်ထူးရ ကျောင်းသား/သူများနှင့်အတူ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ပါသည်။