The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် ကျောက်ဆည်မြို့နယ်အတွင်းရှိ စွန့်ပစ်အပူသုံးဓာတ်အားပေးစက်ရုံမှ လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်နေမှုအခြေအနေနှင့် ၅၀၀ ကေဗွီအေ ကံကောင်းဓာတ်အားခွဲရုံ စီမံကိန်းလုပ်ငန်း ဆောင်ရွက်နေမှု၊ မိတ္ထီလာ - နေပြည်တော်-တောင်ငူ မဟာဓာတ်အားလိုင်း ကြိုးဆွဲလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေတို့အား သွားရောက်ကြည့်ရှုစစ်ဆေး

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (  ၁၄  ) ရက်

             လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့တွင် မန္တလေး တိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ မြန်မာသံတော်မြတ်ကုမ္ပဏီလီမိတက်၏ ကြံ့နှစ်ကောင်ဘိလပ်မြေစက်ရုံရှိ စွန့်ပစ်အပူသုံးဓာတ်အားပေးစက်ရုံမှ လျှပ်စစ် ဓာတ်အားများ ထုတ်လုပ်နေမှုအခြေအနေနှင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် အမှတ် ၂၉၃ အနီး လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည့် ၅၀၀ ကေဗွီအေ ကံကောင်းဓာတ်အားခွဲရုံ စီမံကိန်းလုပ်ငန်း ဆောင်ရွက်နေမှု၊ မိတ္ထီလာ-နေပြည်တော်-တောင်ငူ မဟာဓာတ်အားလိုင်း ကြိုးဆွဲလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေတို့ အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

             ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည် မြို့နယ်အတွင်းရှိ မြန်မာသံတော်မြတ်ကုမ္ပဏီလီမိတက်၏ ကြံ့နှစ်ကောင်ဘိလပ်မြေစက်ရုံရှိ စွန့်ပစ်အပူသုံးဓာတ်အားပေးစက်ရုံသို့ရောက်ရှိရာ ကုမ္ပဏီတာဝန်ရှိသူက ဓာတ်အားပေးစက်ရုံ ဆိုင်ရာအချက်အလက်များနှင့် ဘိလပ်မြေစက်ရုံအတွက် လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးနေမှု အခြေအနေတို့အားလည်းကောင်း ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရန် မရှိမဖြစ် အခြေခံလိုအပ်ချက်ဖြစ်သည့် လျှပ်စစ်ဓာတ်အားများ အား အလျင်မီမီ ထုတ်လုပ်ဖြန့်ဖြူး၍ အမြန်ဆုံး ဖြည့်ဆည်းပေးနိုင်ရေးနှင့် လုပ်ငန်းခွင် ဘေး အန္တရာယ်ကင်းရှင်းရေး၊ အရည်အသွေး စံချိန်စံညွှန်းပြည့်မီရေးနှင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံးဖြစ်စေရေး အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ပြီး စွန့်ပစ်အပူသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံမှ လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်ပေးနေမှု အခြေ အနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

             ၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၉၃ အနီး လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနမှ အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ၅၀၀ ကေဗွီအေ ကံကောင်းဓာတ်အားခွဲရုံ စီမံကိန်း လုပ်ငန်းနှင့် မိတ္ထီလာ-နေပြည်တော်-တောင်ငူ မဟာဓာတ်အားလိုင်း ကြိုးဆွဲလုပ်ငန်း ဆောင်ရွက် လျက်ရှိသည့် စီမံကိန်းလုပ်ငန်းခွင်သို့ရောက်ရှိရာ ယာယီရှင်းလင်းဆောင်၌ လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသူရအောင်ဘိုနှင့် တာဝန်ရှိသ များ က  ၅၀၀ ကေဗွီအေ ကံကောင်းဓာတ်အားခွဲရုံ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေ၊ မိတ္ထီလာ-နေပြည်တော်-တောင်ငူ မဟာဓာတ်အားလိုင်း ကြိုးဆွဲလုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများအား  ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ဖြည့်စွက်ရှင်းလင်းတင်ပြပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စု ဝန်ကြီးက ရရှိသည့် ဘဏ္ဍာငွေအပေါ် စီမံကိန်း လုပ်ငန်းများအား သတ်မှတ်ချိန်အတွင်း အချိန်မီ ပြီးစီးနိုင်ရေး ကြိုးစားဆောင်ရွက်သွားရန်၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုပ်ငန်းခွင် သုံးပစ္စည်းများ စံချိန်စံညွှန်းပြည့်မီရေးနှင့် လုံခြုံရေးတို့ကို အထူးအလေးထားဆောင်ရွက်သွားရန် မှာကြားခဲ့ပါသည်။

             ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်  စီမံကိန်းလုပ်ငန်းခွင်အတွင်း ၅၀၀ ကေဗွီအေ ကံကောင်းဓာတ်အားခွဲရုံ တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေနှင့် ဓာတ်အားလိုင်းကြိုးဆွဲခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေတို့အား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

             လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် နိုင်ငံတစ်ဝှမ်းလုံးသို့ လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူး နိုင်ရန်အတွက် ဓာတ်အားပေးစက်ရုံများနှင့် ဓာတ်အားခွဲရုံများကို အဆင့်မြှင့်တင်ပြုပြင်ခြင်း၊ ဓာတ်အားပေးစက်ရုံအသစ်များတည်ဆောက်ခြင်း၊ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ တိုးချဲ့ တည်ဆောက်ခြင်းတို့ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ ဆောင်ရွက် လျက်ရှိရာမှ ယခုဆောင်ရွက်လျက်ရှိသော ၅၀၀ ကေဗွီအေ ဓာတ်အားလိုင်း စီမံကိန်းသည် ယခုအချိန်တွင်  ဓာတ်အားအများဆုံးထွက်ရှိရာ မြန်မာပြည်မြောက်ပိုင်းမှ ဓာတ်အားအများဆုံး အသုံးပြုရာ မြန်မာပြည်တောင်ပိုင်းသို့ ၂၃၀ ကေဗွီ ဓာတ်အားလိုင်းဖြင့် ဓာတ်အားပို့လွှတ်ရာတွင် ဝန်အားပြည့်နေခြင်းနှင့် ဓာတ်အားလိုင်းတစ်လိုင်း အပြစ်ဖြစ်ပွားလျှင် အရံဓာတ်အားလိုင်းမရှိ၍ System Breakdown ဖြစ်ပွားခြင်း စသည့် အားနည်းချက်များ ဖြစ်ပေါ်နေသည့်အတွက် ပင်မ ကျောရိုး ဓာတ်အားလိုင်း(Back Bone) အနေဖြင့် အသုံးပြုရန် စီမံဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။

Post under by : ဝန်ကြီးရုံး
14-Jul-2022