The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၁၆ ) ရက်

       ၂၀၂၂ ခုနှစ်၊ (၂၃) ကြိမ်မြောက် မြန်မာရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ကျင်းပစဉ်ကာလအတွင်း လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ် ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက် ထားရှိမှုအခြေအနေများအား လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့၊ မွန်းလွဲပိုင်းတွင် ပြိုင်ပွဲများကျင်းပပြုလုပ်မည့်နေရာများနှင့် ဓာတ်အားပို့လွှတ် ဖြန့်ဖြူးပေးသွားမည့် ဓာတ်အားခွဲရုံ များသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

         အဆိုပါ ပြိုင်ပွဲကျင်းပပြုလုပ်မည့်နေရာများနှင့် ဓာတ်အားပို့လွှတ်ဖြန့်ဖြူးသွားမည့် ဓာတ်အားခွဲရုံများသို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများက လျှပ်စစ်ဓာတ်အား ပြည့်ဝစွာ စဉ်ဆက်မပြတ် ဖြန့်ဖြူးပေးနိုင်ရေး ကြိုတင်စီမံဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်း တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လျှပ်စစ်ဓာတ်အားလုံလောက်စွာဖြင့် ဓာတ်အားစဉ်ဆက်မပြတ် ဖြန့်ဖြူးပေးနိုင်ရေးအတွက် ဓာတ်အားခွဲရုံများ၊ ဓာတ်အားလိုင်းများနှင့် ထရန်စဖော်မာများ ကြံ့ခိုင်ကောင်းမွန်စေရေး လိုအပ်သည်များ ကြိုတင်စီမံ ဆောင်ရွက်သွားရန်၊  အရေးပေါ် ဓာတ်အားပြတ်တောက်မှုဖြစ်ပေါ်ပါက လျင်မြန်စွာ ဓာတ်အားပြန်လည်ရရှိရေးအတွက် အရံမီးစက် များ ထားရှိရေး၊ အရံဓာတ်အားလိုင်းများနှင့် ချိတ်ဆက်နိုင်ရေး ကြိုတင်စီမံဆောင်ရွက်သွားရန်နှင့် ဝန်ထမ်းများအား မိမိတို့ဆောင်ရွက်ရမည့် တာဝန်များကို စနစ်တကျ ဆောင်ရွက်နိုင်ရေးအတွက် စီမံချက်များရေးဆွဲ၍ တာဝန်ခွဲဝေသတ်မှတ်ဆောင်ရွက်သွားရန် မှာကြားခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
16-Sep-2022