The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

မန္တလေးတိုင်းဒေသကြီးအတွင်း ဓာတ်အားခ ကြွေးကျန်များ ရာနှုန်းပြည့်အပြည့်အဝကောက်ခံရရှိရေး၊ လျှပ်စစ်ဓာတ်အားတိုးမြှင့်ဖြန့်ဖြူး ပေးနိုင်ရေး၊ လက်ရှိဖြန့်ဖြူးလျက်ရှိသည့် ဓာတ်အားစနစ် တည်ငြိမ်တိုးတက်ကောင်းမွန် စေရေးနှင့် လျှပ်စစ်ဓာတ်အားလျော့နည်းပပျောက်မှု ကျဆင်းစေရေးတို့နှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုပ်လုပ်ခြင်း

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (  ၂  ) ရက်

          လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦသောင်းဟန်သည်  ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နေ့၊ မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီးအတွင်း ဓာတ်အားခ ကြွေးကျန်များ ရာနှုန်းပြည့်အပြည့်အဝကောက်ခံရရှိရေး၊ လျှပ်စစ်ဓာတ်အားတိုးမြှင့်ဖြန့်ဖြူး ပေးနိုင်ရေး၊ လက်ရှိဖြန့်ဖြူးလျက်ရှိသည့် ဓာတ်အားစနစ် တည်ငြိမ်တိုးတက်ကောင်းမွန် စေရေးနှင့် လျှပ်စစ်ဓာတ်အားလျော့နည်းပပျောက်မှု ကျဆင်းစေရေးတို့နှင့် ပတ်သက်၍ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ် လျှပ်စစ်မန်နေဂျာ/လျှပ်စစ်အင်ဂျင်နီယာ များနှင့် ပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။

         အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ၌ နိုင်ငံတော်၏ တိုးတက်သုံးစွဲလာမည့် ဓာတ်အားလိုအပ်ချက်ကို ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အပါအဝင် နည်းလမ်းမျိုးစုံဖြင့် ဓာတ်အားထုတ်လုပ်မှုကို တိုးမြှင့်ထုတ်လုပ်ရန် ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်မှလည်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအပြင် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များမှာလည်း သတ်မှတ်သည့်နယ်မြေအလိုက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကိုဆောင်ရွက်ရန် လမ်းညွှန်ခဲ့ပါကြောင်း၊ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက် လိုသည့် သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်များသို့လည်း မိမိတို့၏ စူးစမ်းတိုင်းတာရေး အဖွဲ့များ စေလွှတ်ကာ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုအချိန်တွင်လည်း မိမိတို့၏ တမံများတွင် ရေပြည့်ရေလျှံများ ရှိလာပြီဖြစ်၍ ၎င်းရေများကို လာမည့်နွေရာသီတွင် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် အကျိုးရှိစွာထိန်းသိမ်း မောင်းနှင်သွားကြရန်လိုအပ်ကြောင်း၊ ၎င်းအပြင် ဓာတ်အားပို့လွှတ်ခြင်းအပိုင်း၌လည်း လိုင်း များတိုးချဲ့တည်ဆောက်ခြင်း၊ ဓာတ်အားဖြန့်ဖြူးခြင်းအပိုင်းများကိုလည်း တိုးချဲ့ပြုပြင်တည် ဆောက်ခြင်းစသည်တို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်အားပြည့်နေ သော ဓာတ်အားလိုင်းများကို အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေး၊ ဓာတ်အားပြတ်တောက်မှု လျော့နည်းကျဆင်းစေရေး၊ လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှု လျော့နည်းစေရေးနှင့် ဓာတ်အား စနစ်တည်ငြိမ် တိုးတက်ကောင်းမွန်စေရေးတို့အတွက် အလေးအနက် ထားဆောင်ရွက်လျက် ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံတော်၏ဘဏ္ဍာငွေကို အလေအလွင့်မရှိစေရေး အကျိုးရှိစွာအသုံးချသွားရန်လိုအပ်ကြောင်း၊ ထုတ်လုပ်ပြီးလျှပ်စစ်ဓာတ်အားများအား ပြည်သူ လူထုထံသို့ ဓာတ်အားပျောက်ဆုံးမှုအနည်းဆုံးနှင့် ဗို့အားပြည့်ဝတည်ငြိမ်စွာဖြင့် အချိန်မီ ဖြန့်ဖြူးပေးပို့နိုင်ရေးသည် မိမိတို့ဝန်ကြီးဌာန၏ အဓိကရည်မှန်းချက်ဖြစ်ပါကြောင်း၊ ၎င်းအပြင် သုံးစွဲခဲ့သည့် ဓာတ်အားခကျသင့်ငွေများအား ရာနှုန်းပြည့် အပြည့်အဝကောက်ခံရရှိစေရေး ကိုလည်း ခရိုင်/ မြို့နယ်လျှပ်စစ်မန်နေဂျာများ၊ လျှပ်စစ်အင်ဂျင်နီယာများ၊ ဘဏ္ဍာရေး တာဝန်ခံများမှ အောက်ခြေအထိကွင်းဆင်းပြီး ကြီးကြပ်ဆောင်ရွက်သွားရန်နှင့် မီတာ ဖတ်ခြင်း၊ မီတာဘေလ်ဝေခြင်းနှင့် ဓာတ်အားခကောက်ခံခြင်း ကိစ္စရပ်များကိုလည်း လုံခြုံရေး ပြည့်ပြည့်ဝဝဖြင့် တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ ယခုအခါ ပြည်သူတို့၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို တတ်နိုင်သမျှ ဝန်အားလျှော့ချခြင်း မပြုဘဲ ပြည့်မီအောင် ဖြန့်ဖြူးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသဖြင့် မိမိတို့ဝန်ကြီးဌာန၏ ရည်မှန်းချက်ကို အောင်မြင်အောင် စေတနာထား၍ ဝိုင်းဝန်းဆောင်ရွက် သွားကြရန်လိုအပ် ကြောင်းတို့အား ပြောကြားခဲ့ပါသည်။

            ထို့နောက် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ခေတ္တဥက္ကဋ္ဌ ၊ ဒါရိုက်တာ အဖွဲ့ဝင်များနှင့် အမှုဆောင်အရာရှိချုပ်တို့က မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များ အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးထားမှုအခြေအနေ၊ ဓာတ်အားခကြွေးကျန်များ ကောက်ခံ ရရှိမှုအခြေအနေနှင့် ကျန်ရှိနေသည့် ဓာတ်အားခကြွေးကျန်များအား ရာနှုန်းပြည့်ကောက်ခံရရှိရေး ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများအား  အသီးသီးရှင်းလင်းတင်ပြကြပါသည်။ တင်ပြမှု များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီး နိဂုံးချုပ် အမှာစကားပြောကြားခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
02-Oct-2022