The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

ဒုတိယဝန်ကြီးဒေါက်တာအောင်ဇေယျနှင့်အဖွဲ့သည် ယခုလ (၂) ရက်နေ့၊ နံနက်ပိုင်း၌ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာ သီရိမြို့နယ်ရှိ ရေအားလျှပ်စစ်အကောင်ထည်ဖော်ရေးဦးစီးဌာန၊ ဒီဇိုင်းနှင့်ပုံထုတ်ဌာနခွဲ၊ ရေ၊ မြေ၊ ကွန်ကရစ်စမ်းသပ်ရေးနှင့် အရည်အသွေးထိန်းသိမ်းရေးရုံး ကို ကြည့်ရှုစစ်ဆေး

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (  ၂  ) ရက်

            နိုင်ငံတော် အကျိုး၊ ပြည်သူများ၏ အကျိုးကို အဓိက ရည်ရွယ်လျက် Sustainable Hydropower များကို ဌာနရှိဝန်ထမ်းများ၏ အကောင်းဆုံးစွမ်းရည်များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရေအားလျှပ်စစ်တည်ဆောက်ရေး ဆိုင်ရာ ရေလှောင်တမံ၊ ရေလွှဲဆည်၊ ရေပိုလွှဲ၊ လက်တံမြောင်း၊ အဆောက်အဦများသည် ခေတ်မီဒီဇိုင်းဖြစ်စေကာ အရည်အသွေး ပြည့်မီ၍ လုံခြုံစိတ်ချရမှုရှိရန်နှင့် လုပ်ငန်းခွင်သုံး ပစ္စည်းများအား နိုင်ငံတကာစံချိန်စံညွှန်းနှင့် ကိုက်ညီမှု ရှိ/မရှိ စမ်းသပ်စစ်ဆေးရမည် ဖြစ်ကြောင်း၊ လက်ရှိ တာဝန်ခံများက မျိုးဆက်သစ်ဝန်ထမ်းငယ်များအား လက်ဆင့်ကမ်း လေ့ကျင့်ပျိုးထောင်သွားရန်နှင့် အနာဂတ်တွင် တည်ဆောက်ရန်ရှိသည့် ရေအားလျှပ်စစ် စီမံကိန်းများအတွက် ကြိုတင်၍ သုတေသနလုပ်ငန်းများ အမြဲမပြတ် ဆောင်ရွက်၍ ရလဒ် များအား လုပ်ငန်းများ ဆောင်ရွက်ချိန်တွင် ပိုမိုကောင်းမွန်အောင် အံဝင်ခွင်ကျ အသုံးချရန် လိုအပ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ပြောကြားသည်။

            ယခုလ (၂) ရက်နေ့၊ နံနက်ပိုင်း၌ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာ သီရိမြို့နယ်ရှိ ရေအားလျှပ်စစ်အကောင်ထည်ဖော်ရေးဦးစီးဌာန၊ ဒီဇိုင်းနှင့်ပုံထုတ်ဌာနခွဲ၊ ရေ၊ မြေ၊ ကွန်ကရစ်စမ်းသပ်ရေးနှင့် အရည်အသွေးထိန်းသိမ်းရေးရုံးသို့ ဌာနဆိုင်ရာ တာဝန်ရှိသူ များနှင့်အတူ ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက ထိုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

            ဦးစွာ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် မြေနှင့် ကွန်ကရစ်စမ်းသပ်အလုပ်ရုံသို့ ရောက်ရှိရာ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ယုမော်မော်ဝင်းက မြို့ပြတည်ဆောက်ရေး လုပ်ငန်းများ ဆိုင်ရာ မြေ၊ ဘိလပ်မြေ၊ ပိုဇိုလန်၊ သဲ၊ ကျောက်စရစ်ရွယ်စုံ၊ သံချောင်းများ၊ ကွန်ကရစ် နမူနာ စမ်းသပ်စစ်ဆေးခြင်း အခြေအနေများအား ရှင်းလင်းတင်ပြသည်။ ယင်းနောက် Hydraulic အလုပ်ရုံအား ကြည့်ရှုစစ်ဆေးရာ အထက်ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ ရေပိုလွှဲပုံစံငယ် စမ်းသပ်ဆောင်ရွက်မှုအား ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ဇော်မင်းက ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

            တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက ယခုကဲ့သို့ စမ်းသပ်နိုင်သည့်အတွက် နိုင်ငံခြားတွင်  ပုံစံထုတ် ဆောင်ရွက်ရန် မလိုအပ်သဖြင့် နိုင်ငံခြားငွေ ကုန်ကျစရိတ် သက်သာကြောင်း၊ နိုင်ငံခြားသား ပညာရှင် မလိုအပ်ဘဲ ဌာနရှိ ဝန်ထမ်းများက ဆောင်ရွက်နိုင်ခြင်းကို  အသိအမှတ်ပြု ဂုဏ်ယူပါကြောင်း၊ အလုပ်ရုံများ ရေရှည်တည်တံ၍ သန့်ရှင်းသာယာရေးနှင့် တိုင်းတာရေးကိရိယာများ မှန်ကန်တိကျစေရေးအတွက် စဉ်ဆက်မပြတ် ပြုပြင်ထိန်းသိမ်း ရေးများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး အလေးပေး ဆောင်ရွက်ရန်နှင့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ လုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်ကြောင်း မှာကြားသည်။

            ထို့နောက် ဒုတိယဝန်ကြီးဒေါက်တာအောင်ဇေယျနှင့်အဖွဲ့သည် 33/11 kV ၊ 10 MVA ပျဉ်းမနားမြို့ရုံးခွဲရုံမှ ဓာတ်အားဖြန့်ဖြူးမည့် အခြေအနေများအား ကြည့်ရှုစစ်ဆေးမှုအပေါ် နေပြည်တော်အင်ဂျင်နီယာချုပ် ဦးမိုးသက်က ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်သည် များအား မှာကြားခဲ့ကြောင်း သိရသည်။

Post under by : ဝန်ကြီးရုံး
05-Oct-2022