The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၁၇) ရက်

(ပြည်သူများ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သည့် အနာဂတ်ကောင်းများကို ပိုင်ဆိုင်နိုင်စေရန် မြို့ပြဒေသသုံး ဆိုလာစနစ်များအား ပံ့ပိုးဆောင်ရွက်)

            နိုင်ငံတော်အတွင်း ခေတ်မီဖွံ့ဖြိုးတိုးတက်သော Smart City များ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မြို့ပြဒေသသုံး ဆိုလာစနစ်များအား တပ်ဆင်အသုံးပြုမှုသည် အခရာကျလှ ကြောင်း၊ Smart City ၏ အင်္ဂါရပ်များတွင် Energy Efficient Smart Building များ၊ Smart Home များ၊ Electric Vehicle များ၊ Data Centre များ စသည်တို့ပါဝင်ကြောင်း၊ ခေါင်မိုးများပေါ်တွင် တပ်ဆင်အသုံးပြုသည့် Rooftop Solar PV စနစ်နှင့် မြေပေါ်တွင် တပ်ဆင်အသုံးပြုသည့် Ground-mounted Solar PV စနစ်များရှိကြောင်း၊ အဆောက်အအုံတွင် တွဲဖက်အသုံးပြုသည့် Building Integrated Photovoltaic (BIPV) လည်းရှိကြောင်း၊ ဈေးဝယ်စင်တာများ၊ ဟိုတယ်များ၊ ကားဂိတ် များစသည့် အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများ၏ ကားပါကင်အမိုးများပေါ်တွင် ဆိုလာ စနစ်တပ်ဆင်၍ လျှပ်စစ်သုံးယာဉ်များ အားသွင်းရန်လည်း ဆောင်ရွက်နိုင်ကြောင်း၊ ရုပ်ကြွင်း လောင်စာများသည် တစ်ချိန်တွင် လျော့နည်းကုန်ခမ်းသွားမည်ဖြစ်ရာ ရေရှည်အတွက် အဓိက မျှော်မှန်း၍ စနစ်များကို တပ်ဆင်သုံးစွဲရမည်ဖြစ်ပါကြောင်း၊ ပြည်သူများ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သည့် အနာဂတ်ကောင်းများကို ပိုင်ဆိုင်နိုင်စေရန်အတွက် မြို့ပြဒေသသုံးဆိုလာစနစ်များ တိုးမြှင့်သုံးစွဲနိုင်စေရေး အလေးပေးကာ ပံ့ပိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ပြောကြားသည်။

            ယခုလ ၁၆ ရက်နေ့ နံနက်ပိုင်း၌ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ Horizon Lake View ဟိုတယ်ရှိ  Ground-mounted ဆိုလာစနစ်များအား စစ်ဆေးစဉ် တာဝန်ရှိသူ များအား ဒုတိယဝန်ကြီးက ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

            ဦးစွာ ဆိုလာစနစ် တာဝန်ခံက ၄၄၅ ဝပ်အား Monocrystalline Silicon ဆိုလာမော်ကျူး ၁၅၆၀ ခု၊ ၁၁၀ ကီလိုဝပ် အင်ဗာတာ ၅ ခုတို့ဖြင့် တပ်ဆင်စွမ်းအား ၆၉၄ ကီလိုဝပ်ရှိသည့် Ground-mounted Solar PV System အား တပ်ဆင်လျက်ရှိပါကြောင်း၊ ဟိုတယ်အတွင်း မြေနေရာရရှိမှု အပေါ် အခြေခံလျက် ထပ်မံတပ်ဆင်ရန်လည်း စီမံလျာထားပါကြောင်း တင်ပြပါသည်။ တင်ပြမှု အပေါ် ဒုတိယဝန်ကြီးက မြေလွတ်နေရာများတွင် Solar PV များ တပ်ဆင်အသုံးပြုခြင်းဖြင့် ထွက်ရှိ လာသော လျှပ်စစ်ဓာတ်အားများကို ဟိုတယ်အတွင်း သုံးစွဲနိုင်၍ နိုင်ငံတော်ဓာတ်အားကွန်ရက် စနစ်မှ ရယူသုံးစွဲမှုကို လျှော့ချပေးနိုင်ကြောင်း၊ သို့ဖြစ်ရာ ရုပ်ကြွင်းလောင်စာမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကို လျှော့ချနိုင်ပြီး ကာဗွန်ထုတ်လုပ်မှုလျော့ကျစေခြင်း၊ တည်ဆောက်ချိန်နှင့် ကုန်ကျ စရိတ် နည်းပါးခြင်း၊ တပ်ဆင်မှုနှင့် ပြုပြင်ထိန်းသိမ်းမှု လွယ်ကူခြင်း၊ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုဖန်တီးနိုင်၍ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိစေနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

            ထို့နောက် Ground-mounted Solar PV System တပ်ဆင်ထားမှု အခြေအနေများကို လှည့်လည်ကြည့်ရှုရာ တာဝန်ခံက ရှင်းလင်းတင်ပြပြီး လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးရဲတိုးသွင်က ဖြည့်စွက်ရှင်းလင်း တင်ပြမှုအပေါ် ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက Bifacial Solar Panel နှင့် Solar Tracking System များ တပ်ဆင် ထား၍ ကောင်းမွန်သည်ကို တွေ့ရှိရကြောင်း၊ လျှပ်စစ်သုံးယာဉ် (Electric Vehicle) များ သုံးစွဲသည့် ဧည့်သည်များအား ဝန်ဆောင်မှုပေးနိုင်ရန်အတွက် ဆိုလာစနစ်မှ ၎င်းယာဉ်များ Charging သွင်း နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ကြောင်း၊ Maintenance အတွက် ကြိုတင်စီမံ ထားရန် လိုအပ်ကြောင်း၊ Earthing System ကို စနစ်တကျ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ Mismatch Losses လျှော့ချရန်၊ Performance Monitoring နှင့် Cleaning တို့အား အလေးပေး ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ Solar PV Panel များ၊ Inverter များ၊ ဆက်စပ်ပစ္စည်းများ၏ အရည်းအသွေးများ ကောင်းမွန်ရန် အထူးလိုအပ်ပါကြောင်း၊ နည်းပညာ စံသတ်မှတ်ချက်များနှင့် ကိုက်ညီသော ပစ္စည်းများဖြစ်ရန် လိုအပ်ကြောင်း၊ တည်ဆဲလျှပ်စစ်ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်းတို့အား မှာကြားခဲ့ကြောင်း သိရသည်။

Post under by : ဝန်ကြီးရုံး
19-Oct-2022