The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

 

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (  ၂ ) ရက်

 

  လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦသောင်းဟန်သည် ရှမ်းပြည်နယ် အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဉီးစိုင်းလိတ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါ လျက် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့၊ မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကလောမြို့နယ်အတွင်းရှိ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေး ဉီးစီးဌာန၊ ကလောပင်မဓာတ်အားခွဲရုံ၏ လျှပ်စစ်ဓာတ်အားပို့လွှတ်ဖြန့်ဖြူး ပေးနေမှု အခြေအနေ အား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

  ရှေးဉီးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲ ရေးဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဉီးသူရအောင်ဘိုနှင့် တာဝန်ရှိသူတို့က ဓာတ်အားခွဲရုံ ဆိုင်ရာအချက်အလက်များနှင့် ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးထားမှု အခြေအနေတို့အား ရှင်းလင်းတင်ပြကြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက အန္တရာယ် ကင်းရှင်းစွာဖြင့် ဓာတ်အားစဉ်ဆက်မပြတ်ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေး၊ ဗို့အားပြည့်ပြည့်ဝဝ ဖြင့် ပြည်သူလူထုအသုံးပြုနိုင်ရေး၊ ဓာတ်အားခွဲရုံသုံး လျှပ်စစ်ပစ္စည်းများ၊ ထရန် စဖော်မာများ နှင့် ဓာတ်အားလိုင်းများကြံ့ခိုင်ကောင်းမွန်စေရေး ပုံမှန်ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းများ အားစနစ်တကျစစ်ဆေးဆောင်ရွက်သွားရန်နှင့် ဓာတ်အားပျောက်ဆုံးမှု၊ ဓာတ်အား ပြတ်တောက်မှု လျော့နည်းကျဆင်းစေရေး၊ ဓာတ်အားခွဲရုံ အတွင်း/အပြင် သန့်ရှင်းသာယာ လှပရေးနှင့် လုံခြုံရေးအသိ၊ လုံခြုံရေသတိအမြဲရှိစေရေး အ‌လေးထား ဆောင်ရွက်သွားကြရန် မှာကြားခဲ့ပြီး ဓာတ်အားထိန်းချုပ်ခန်းနှင့် Switchyard အတွင်း လျှပ်စစ်ဓာတ်အားများ ပို့လွှတ် ဖြန့်ဖြူးပေးနေမှုနှင့် လက်ရှိဓာတ်အားလိုင်းများနှင့် ထရန်စဖော်မာများ၏ဝန်အား ထိန်းညှိ ဖြန့်ဖြူးထားမှုအခြေအနေတို့အား လှည့်လည်ကြည်ရှု စစ်ဆေးခဲ့ကြောင်း သတင်း ရရှိပါသည်။

Post under by : ဝန်ကြီးရုံး
22-Oct-2022