၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၁၄) ရက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၏ တိုင်းဒေသကြီး/ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၁၄)ရက်နေ့၊ နံနက် (၀၉:၃၀)နာရီအချိန်တွင် နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ ရဲရွာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာန၊ လုပ်ငန်း၊ ကော်ပိုရေးရှင်းတို့မှ ဥက္ကဋ္ဌများ၊ ညွှန်ကြားရေးမှူးချူပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများ၊ ဌာနအကြီးအကဲများနှင့် တိုင်းဒေသကြီး/ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာများ တက်ရောက်ခဲ့ကြပါသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ၌ နိုင်ငံဖွံ့ဖြိုးတိုးတက် စေရန်အတွက် အခြေခံအကျဆုံး လိုအပ်ချက်သည် လျှပ်စစ်ဓာတ်အား ဖြစ်သည့်အတွက် နိုင်ငံတော်၏ တိုးတက်သုံးစွဲလာသည့် ဓာတ်အားလိုအပ်ချက်ကို ရရှိနိုင်သမျှသော စွမ်းအင် အရင်းအမြစ်မျိုးစုံကို အသုံးပြုပြီး ရေတိုရေရှည်နည်းလမ်းများဖြင့် လျှပ်စစ်ဓာတ်အား အမြန်ဆုံး တိုးတက်ရရှိရေးကို စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ် ရေးတွင် အရင်းအမြစ်မျိုးစုံမှ စက်တပ်ဆင်အင်အားသည် (၇၂၈၇) မဂ္ဂါဝပ်ရှိသော်လည်း ရေအားလျှပ်စစ်စက်ရုံများတွင် လာမည့်နွေရာသီအတွက် ရေစုဆောင်းထားရခြင်း၊ သဘာဝ ဓာတ်ငွေ့ထုတ်လုပ်မှုလျော့နည်းနေခြင်း၊ မဟာဓာတ်အားလိုင်းတိုင်များ ဖောက်ခွဲဖျက်ဆီးခံရ သဖြင့် ပို့လွှတ်မှုလျော့နည်းနေခြင်းတို့ကြောင့် ထုတ်လုပ်မှုတွင် (၃၀၆၄) မဂ္ဂါဝပ်ခန့်သာ ထုတ်လုပ်နိုင်ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် သုံးစွဲမှုကိုအခြေခံ၍ ဝန်အား မျှတစွာ ဖြန့်ဝေပေးထားရပါကြောင်း၊ ၎င်းအပြင် ထပ်မံတိုးမြှင့်ထုတ်လုပ်နိုင်ရန် စီမံ ဆောင်ရွက်နေသည့် ကာလများတွင် ရရှိပြီးပို့လွှတ်လျက်ရှိသော ဓာတ်အားလိုင်းများကို NUG လက်ဝေခံ PDF အကြမ်းဖက်သောင်းကျန်းသူများမှ ဖောက်ခွဲဖျက်ဆီးလျက်ရှိပါကြောင်း၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုနှင့် လျှပ်စစ်ဓာတ်အားသုံးစွဲမှုမမျှတ၍ လိုအပ်ချက်များရှိနေပါ ကြောင်း၊ ထိုလိုအပ်ချက်များကို ပြည့်မီနိုင်ရန် တစ်ဖက်တွင် ဖျက်ဆီးခံရသော ဓာတ်အားလိုင်း တိုင်များကို ပြန်လည်ပြင်ဆင်ခြင်းများ ဆောင်ရွက်လျက်ရှိသကဲ့သို့ စီမံဆောင်ရွက်ထားပြီး ဖြစ်သော စီမံကိန်းအသစ်များကိုလည်း သတ်မှတ်နှစ်များတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ် နိုင်ရေး ကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထွက်ရှိလာမည့် လျှပ်စစ်ဓာတ်အားကို သုံးစွဲသူ များထံရရှိစေရန် ပို့လွှတ်ရေးအပိုင်းနှင့် ဖြန့်ဖြူးရေးအပိုင်းတို့သည်လည်း အရေးပါလျက် ရှိကြောင်း၊ ဓာတ်အားဖြန့်ဖြူးပေးပို့ရာတွင်လည်း ဗို့အားပြည့်ဝစွာဖြင့် ဖြန့်ဖြူးပေးပို့နိုင်ရေး၊ ဓာတ်အားပြတ်တောက်မှု၊ ဓာတ်အားပျောက်ဆုံးမှု လျော့နည်းစေရေးနှင့် ဓာတ်အားစနစ် တည်ငြိမ်တိုးတက်ကောင်းမွန်စေရေးတို့အတွက် ဓာတ်အားခွဲရုံများ၊ ဓာတ်အားလိုင်းများအား သန့်ရှင်းရေးပြုလုပ်ခြင်းအပါအဝင် ထိန်းသိမ်းပြုပြင်ခြင်း၊ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ သယ်ယူပို့ဆောင်ပေးနေသော ဓာတ်အားလိုင်းများအနေဖြင့်လည်း လိုင်းတစ်လိုင်း အပြစ်ဖြစ်ပွားချိန်၌ အခြားလိုင်းတစ်လိုင်းမှ ပြန်လည်ပေးအပ်နိုင်ရေး စီမံဆောင်ရွက်ထားရန်လိုအပ်ကြောင်း၊ ဓာတ်အားခကောက်ခံခြင်း အပိုင်းတွင်လည်း နိုင်ငံတော်မှရရှိမည့်ဓာတ်အားခအခွန်အခများကိုလည်း အပြည့်အဝကောက်ခံရရှိရေး အားလုံးတက်ညီလက်ညီဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်စဉ် လုံခြုံရေးအား အထူးဂရုပြုဆောင်ရွက်ရန်နှင့် လုံခြုံရေး သတိ၊ လုံခြုံအသိအမြဲရှိနေရန်လိုအပ်ကြောင်း၊ နိုင်ငံတော်မှ ခွင့်ပြုရရှိသည့်ဘဏ္ဍာငွေများ အပေါ် လေလွင့်ဆုံးရှုံးမှုမရှိစေရေး စနစ်တကျစိစစ်၍ စီမံကိန်းလုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်သွားရန်နှင့် သတ်မှတ်ချိန်ကာလအတွင်း ပြီးစီးနိုင်ရေး အလေးထားဆောင်ရွက်သွားရန်လိုအပ်ကြောင်း မှာကြားခဲ့ပါသည်။
ထို့နောက် ဦးစီးဌာန/လုပ်ငန်းတို့မှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးဆောင်ညွှန်ကြားရေးမှူးတို့က လျှပ်စစ်ဓာတ်အားထုတ်လုပ်ရရှိမှုအခြေအနေနှင့် လျှပ်စစ်ဓာတ်အားခွဲဝေဖြန့်ဖြူးပေးနေမှု အခြေအနေတို့အားလည်းကောင်း၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးကော်ပိုရေးရှင်း ဥက္ကဋ္ဌ၊ မန္တလေး လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး/ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာ တို့က မိမိတို့တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဓာတ်အားဖြန့်ဖြူးပေးနေမှု အခြေအနေများ၊ ဓာတ်အားပြတ်တောက်မှု လျော့နည်းကျဆင်းစေရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ဓာတ်အားခကောက်ခံရရှိမှု အခြေအနေများ၊ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံတည်ဆောက်ရေး စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် စီမံကိန်း လုပ်ငန်းအစီအမံများအား အသီးသီးရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ဖြည့်စွက်ဆွေးနွေးတင်ပြခဲ့ပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပါသည်။ ၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဝန်ထမ်းများနှင့်အတူ ညစာအတူတကွ သုံးဆောင်ခဲ့ကြောင်း သတင်းရရှိပါသည်။