The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

“မြန်မာနိုင်ငံ၏ ပထမဆုံးသော ၅၀၀ ကေဗွီ ကံကောင်း (မိတ္ထီလာ) - စပါးကြွယ် (တောင်ငူ) ဓာတ်အားလိုင်းအပြီးသတ်ချိတ်ဆက်လုပ်ငန်းများ ဆောင်ရွက်နေစဉ် ဓာတ်အားစနစ်အတွင်း ဝန်အားလျော့နည်းနေမည့် အခြေအနေအား အများပြည်သူသို့ ကြိုတင်အသိပေး ပန်ကြားခြင်း”

(၁၆-၁၂-၂၀၂၂)

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံအတွင်းလိုအပ်နေသည့် လျှပ်စစ် ဓာတ်အားကို ပြည့်မီစွာဖြည့်ဆည်းပေးနိုင်ရေးအတွက် ဓာတ်အားပေးစက်ရုံများ၊ ဓာတ်အား လိုင်းများနှင့် ဓာတ်အားခွဲရုံများအား ဟန်ချက်ညီစွာဖြင့် ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံမြောက်ပိုင်းရှိ ရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ ထွက်ရှိလာသည့် ဓာတ်အားများကို မြန်မာနိုင်ငံတောင် ပိုင်းသို့ ပို့ဆောင်ရာ၌ ဗို့အားအဆင့် ၂၃၀ ကေဗွီဓာတ်အားလိုင်းဖြင့်သာ ပို့လွှတ်လျက်ရှိရာ ဓာတ်အားစနစ်အတွင်း အရန်ဓာတ်အားလိုင်းမရှိသဖြင့် ရံဖန်ရံခါ ဓာတ်အားစနစ်အတွင်း တည်ငြိမ်မှုနည်းပါးကာ ဓာတ်အားစနစ်တစ်ခုလုံး လျှပ်စစ်ဓာတ်အားပြတ်တောက်ခြင်း (System Breakdown) ဖြစ်ပေါ်တတ်သည့်အခြေအနေမှ ကာကွယ်နိုင်ရန်နှင့် မြန်မာပြည် မြောက်ပိုင်းမှ လျှပ်စစ်ဓာတ်အားများကို တောင်ပိုင်းသို့ ပြည့်ဝစွာသယ်ဆောင်ပို့လွှတ်နိုင်ရန်  ရည်ရွယ်၍ ၅၀၀ ကေဗွီ ကံကောင်း (မိတ္ထီလာ) - စပါးကြွယ် (တောင်ငူ) ဓာတ်အားလိုင်း စီမံကိန်းအား ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလမှစတင်၍ တည်ဆောက်ခြင်းလုပ်ငန်းများအား ဆောင်ရွက်ခဲ့ရာ ယခုအခါ (၉၉%) ပြီးစီးနေပြီဖြစ်ပါသည်။

   အဆိုပါဓာတ်အားလိုင်းအား ရာနှုန်းပြည့်ပြီးစီးနိုင်ရန်အတွက် တောင်ငူပင်မ ဓာတ်အားခွဲရုံတွင် အပြီးသတ်ချိတ်ဆက်ခြင်းလုပ်ငန်းများကို (၁၇-၁၂-၂၀၂၂) ရက်နေ့နှင့် (၁၈-၁၂-၂၀၂၂) ရက်နေ့များတွင် နေ့စဉ် နံနက်(၀၆:၀၀)နာရီမှ ည(၁၉:၀၀)နာရီအထိ လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ရာ လုပ်ငန်းများဆောင်ရွက်နေစဉ် နံနက်(၀၆:၀၀)နာရီမှ ည(၁၉:၀၀)နာရီအထိ နိုင်ငံတော်ဓာတ်အားစနစ်အတွင်း ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးမှု ဝန်အားခန့်မှန်း (၁၅၀) မဂ္ဂါဝပ်ခန့် လျော့နည်းနေမည်ဖြစ်သော်လည်း ညပိုင်းတွင် ပြန်လည် ပြည့်ဝစွာ ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ပါသည်။ ထိုသို့နေ့လယ်ပိုင်း လုပ်ငန်းဆောင်ရွက်နေစဉ် အချိန်တွင် ဝန်အားလျော့နည်းနေသော်လည်း နိုင်ငံတော်ဓာတ်အားစနစ်ကို ထိန်းညှိ မောင်းနှင်၍ ဆက်လက်ဖြန့်ဖြူးနေမည်ဖြစ်ပါသည်။

   သို့ဖြစ်ပါ၍ လုပ်ငန်းများဆောင်ရွက်နေစဉ်အချိန်အတွင်း  အချို့သောနေရာများ၌ ဝန်အားလျှော့ချခြင်း လုပ်ငန်းများကို မလွှဲမရှောင်သာ ဆောင်ရွက်သွားရမည်ဖြစ်ရာ ပြည်သူ များအနေဖြင့် နားလည်ပေးနိုင်ပါရန်နှင့် ယခု ၅၀၀ ကေဗွီ ဓာတ်အားစနစ်ပြီးစီးပါက နိုင်ငံတော်ဓာတ်အားစနစ်အတွင်း ဓာတ်အားပို့လွှတ်စီးဆင်းမှု ပိုမိုကောင်းမွန်လာမည်ဖြစ်ပါ ကြောင်း အသိပေးအပ်ပါသည်။

Post under by : ဝန်ကြီးရုံး
16-Dec-2022