The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင်ဦးမောင်ကို မန္တလေးတိုင်းဒေသကြီးမိတ္ထီလာခရိုင် မလှိုင်မြို့နယ်တွင် ၃၃/၁၁ ကေဗွီ(၅)အမ်ဗွီအေလယ်တာကောင်းဓာတ်အားခွဲရုံဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

မန္တလေး၊ဒီဇင်ဘာ ၂၈

      (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ မိတ္ထီလာခရိုင် မလှိုင်မြို့နယ်တွင် ၃၃/၁၁ကေဗွီ(၅)အမ်ဗွီအေလယ်တာကောင်းဓာတ်အားခွဲရုံဖွင့်ပွဲအခမ်းအနားကိုယနေ့နံနက်ပိုင်းကအဆိုပါဓာတ်အားခွဲရုံတွင်ကျင်းပရာမန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဝဏ္ဏကျော်ထင်ဦးမောင်ကို၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ကျေးရွာအသီးသီးမှ မီးလင်းရေးဆောင်ရွက်နေကြသူများနှင့် ရပ်မိရပ်ဖများ၊ ဖိတ်ကြားထားသူများတက်ရောက်ကြသည်။

    ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများကဓာတ်အားခွဲရုံအားဖဲကြိုးဖြတ်လည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ကဆိုင်ဘုတ်အားစက်ခလုတ်နှိပ်၍ လည်းကောင်းဖွင့်လှစ်ပေး၍ အမွှေးနံ့သာရည်များပက်ဖြန်းကာစုပေါင်းဓာတ်ပုံရိုက်ကူးပြီးနောက်  ဓာတ်အားခွဲရုံအတွင်းကျေးရွာများသို့ လျှပ်စစ်မီးဖြန့်ဖြူးပေးနေမှုများကိုကြည့်ရှုခဲ့ကြသည်။

       ၎င်းနောက် အခမ်းအနားကိုဆက်လက်ကျင်းပရာတိုင်းဒေသကြီးချုပ်ကအဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံမြို့တစ်မြို့ ကျေးရွာတစ်ရွာဖွံ့ဖြိုးတိုးတက်ရေးတို့တွင် လျှပ်စစ်မီးရရှိရေးသည် အလွန်အရေးပါကြောင်း၊ မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားသုံးစွဲမှုတစ်နှစ်ထက်တစ်နှစ်ပိုမိုများပြားလာသည့်အတွက်နိုင်ငံတော်မှလျှပ်စစ်ဓာတ်အားပိုမိုထုတ်လုပ်နိုင်ရေးအထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်း၊အထက်ကျိုင်းတောင်း၊ အလယ်ပေါင်းလောင်းရေအားလျှပ်စစ်စီမံကိန်း၊ သူဋ္ဌေးချောင်းရေအားလျှပ်စစ်စီမံကိန်း၊ မိတ္ထီလာ၊ တောင်ငူ၊ ဘုရားကြီး 500 KV ဓာတ်အားလိုင်းစီမံကိန်းများကိုဆောင်ရွက်လျက်ရှိကြောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း၂၀၂၂ခုနှစ်နိုဝင်ဘာလအထိမြို့ပေါင်း(၃၄)မြို့၊ ကျေးရွာပေါင်း(၄၃၈၁)ရွာ လျှပ်စစ်မီးရရှိပြီးဖြစ်ကြောင်း၊ ယခုလျှပ်စစ်ဓာတ်အားခွဲရုံမှမလှိုင်မြို့နယ်တွင်(၂၇)ရွာ၊မိတ္ထီလာမြို့နယ်တွင်(၈)ရွာစုစုပေါင်းကျေးရွာ(၃၅)ရွာတို့အားဓာတ်အားဖြန့်ဖြူးပေးနိုင်ရန်စီမံထားရှိပြီးလယ်တကောင်းလျှပ်စစ်ဓာတ်အားခွဲရုံမှ  လျှပ်စစ်မီးသွယ်တန်းထားသည့်မလှိုင်မြို့နယ်မှ(၁၁)ရွာ၊ မိတ္ထီလာမြို့နယ်မှ(၅)ရွာလျှပ်စစ်မီးရရှိပြီးဖြစ်ကြောင်း၊ လျှပ်စစ်ဓာတ်အားသုံးစွဲရာတွင်လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့်ဓာတ်အားများအလေအလွှင့်မရှိစေရေးစနစ်တကျသုံးစွဲကြရမည်ဖြစ်ကြောင်း၊ လျှပ်စစ်ဓာတ်အားကိုကောင်းမွန်စွာအသုံးပြု၍ ဒေသဖွံ့ဖြိုးတိုးတက်‌ရေးတို့တွင် စည်းလုံးညီညွတ်စွာဖြင့် ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဓာတ်အားခွဲရုံဖြစ်မြောက် ရေးတွင် အားလုံးပူးပေါင်းဆောင်ရွက်ခဲ့ကြသူများကိုလည်းကျေးဇူးတင်ကြောင်းပြောကြားခဲ့သည်။

       ဆက်လက်၍ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ဒါရိုက်တာအဖွဲ့ဝင်(၁) ဦးတင်အောင်ကလယ်တာကောင်းဓာတ်အားခွဲရုံသမိုင်းကြောင်းနှင့် ဓာတ်အားရယူဖြန့်ဖြူးပေးထားမှု၊ဆက်လက်ဆောင်ရွက်သွားမည့်အစီအစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီးမြို့မိမြို့ဖတစ်ဦးကကျေးဇူးတင်စကားပြန်လည်ပြောကြားကာတက်ရောက်လာသည့် ကျေးရွာ(၃၅)၏ ကျေးရွာဖွံ့ဖြိုးရေးအတွက် ထောက်ပံ့ငွေကျပ် (၃၅)သိန်း၊ အခမ်းအနားဖြစ်မြောက်ရေးတွင် ပါဝင်ဆောင်ရွက်ခဲ့သည့် ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများချီးမြှင့်ခဲ့ပြီးအမှတ်တရလက်ဆောင်များပေးအပ်ပြီးနောက် ရင်းနှီးစွာနှုတ်ဆက်ခဲ့သည်။

Post under by : မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(MESC)
29-Dec-2022