The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

 ၂၀၂၃ ခုနှစ်၊ မတ်လ (  ၁၃ )ရက်

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၂၃ ခုနှစ်၊ မတ်လ (၁၂)ရက်နေ့ နံနက်ပိုင်းတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကာလ အတွင်း လျှပ်စစ်ဓာတ်အားမပြတ်တောက်စေရေး နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ၂၃၀ ကေဗွီ ပျဉ်းမနားပင်မဓာတ်အားခွဲရုံနှင့် ၃၃ ကေဗွီ ပျဉ်းမနားဓာတ်အားခွဲရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

   ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ၂၃၀ ကေဗွီ ပျဉ်းမနားပင်မဓာတ်အားခွဲရုံသို့ ရောက်ရှိရာ ဓာတ်အားခွဲရုံမှူးမှ ဓာတ်အားခွဲရုံဆိုင်ရာအချက်အလက်များ ၊ နိုင်ငံတော်ဓာတ်အားစနစ်သို့ ၂၃၀ ကေဗွီ ဓာတ်အားလိုင်းဖြင့်ချိတ်ဆက်၍ ဓာတ်အားဖြန့်ဖြူးပေးနေမှု အခြေအနေများအား ရှင်းလင်းတင်ပြမှု များအပေါ် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထောင်ဇိုခိုင်က ဖြည့်စွက်ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ဤဓာတ်အားခွဲရုံသည် နိုင်ငံတော် ဓာတ်အားစနစ်သို့ ချိတ်ဆက်ပို့လွှတ်နေသည့် အရေးကြီးသော ပင်မဓာတ်အားခွဲရုံဖြစ်သည့်အတွက် ခွဲရုံ ကြံ့ခိုင်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက်  ပုံမှန်ထိန်းသိမ်းစစ်ဆေးဆောင်ရွက်ရန်၊ တက္ကသိုလ်ဝင် စာမေးပွဲကာလအတွင်း ဓာတ်အားပြတ်တောက်မှုမရှိစေရေး အထူးအလေးထား ဆောင်ရွက်သွားကြရန်၊  ဓာတ်အားခွဲရုံအတွင်းအပြင် သန့်ရှင်းသာယာလှပရေး၊ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးနှင့် လုပ်ငန်းတာဝန် များ လစ်ဟင်းမှုမရှိစေရေး လုံခြုံရေး အသိ၊ သတိဖြင့် ဝန်ထမ်းများအားလုံး စည်းလုံးညီညွှတ်စွာ ပူးပေါင်း ဆောင်ရွက်သွားကြရန် မှာကြားခဲ့ပြီး ဓာတ်အားထိန်းချုပ်ခန်းအတွင်း ဓာတ်အားဖြန့်ဖြူးပေးနေမှု အခြေအနေနှင့် Switch Yard အတွင်း ဓာတ်အားလွှတ်ပစ္စည်းများ၏ အခြေအနေများအား လှည့်လည် ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများအားရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကာ ဝန်ထမ်းများ၏လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

   ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ၃၃ ကေဗွီ ပျဉ်းမနားဓာတ်အားခွဲရုံသို့ရောက်ရှိရာ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ဒုတိယအင်ဂျင်နီယာချုပ် ဦးဇော်မင်းထွန်းက  ဓာတ်အားထိန်းချုပ်ခန်းမှ Control Panel များဖြင့် ဓာတ်အားဖြန့်ဖြူးပေးနေမှု အခြေအနေများ၊ ဓာတ်အားခွဲရုံနှင့် Switch Yard အတွင်း ထရန်စဖော်မာများ၊ ဓာတ်အားလိုင်းများမှ ဓာတ်အားဖြန့်ဖြူးပေးထားမှုအခြေအနေများကို  ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီးက လိုအပ်သည်များ မှာကြားခဲ့ကြောင်းသိရှိရပါသည်။      

Post under by : ဝန်ကြီးရုံး
13-Mar-2023