The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

နေပြည်တော်၊ ၂၀၂၃ ခုနှစ် ၊ မတ်လ ( ၁၇ ) ရက်

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဓာတ်အားခွဲရုံများ တည်ဆောက်/မောင်းနှင်/ ထိန်းသိမ်းပြုပြင်ခြင်း သင်တန်း အမှတ်စဉ်(၁/၂၀၂၃)နှင့် အင်ဂျင်နီယာများစီမံခန့်ခွဲရေးသင်တန်း အမှတ်စဉ်(၁/၂၀၂၃) သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ မတ်လ(၁၇)ရက်နေ့၊ နံနက် ( ၀၉: ၀၀ ) နာရီ အချိန်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၊ နေပြည်တော်ဗဟိုသင်တန်းကျောင်း၌ ကိုဗစ်-၁၉ ကာကွယ်ရေး နည်းစနစ်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ပါသည်။

   အဆိုပါအခမ်းအနားသို့ ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနများနှင့်လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ဌာနအကြီးအကဲများ ၊ သင်တန်း နည်းပြများနှင့် သင်တန်းသား/ သင်တန်းသူများတက်ရောက်ခဲ့ကြပါသည်။

   ဓာတ်အားခွဲရုံများ တည်ဆောက်/မောင်းနှင်/ ထိန်းသိမ်းပြုပြင်ခြင်းသင်တန်းတွင် ဓာတ်အားခွဲရုံများ စတင်တည်ဆောက်သည်မှ လည်ပတ်မောင်းနှင် သည်အထိ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နိုင်စေရန် ခွဲရုံအင်ဂျင်နီယာများအတွက် ထိန်းသိမ်းမောင်းနှင်ကွပ်ကဲရေး၊ စီမံရေး၊ ခွဲရုံပစ္စည်းများ ထိန်းသိမ်းပြုပြင်ရေး၊ စက်ကိရိယာများ တပ်ဆင်ရေးနှင့် စစ်ဆေးရေးစသည့် ဘာသာရပ်များအားလည်းကောင်း၊ အင်ဂျင်နီယာများ စီမံခန့်ခွဲရေး သင်တန်းအနေဖြင့် မြို့နယ်အင်ဂျင်နီယာများ သိသင့်သိထိုက်သည့် ဓာတ်အားခွဲရုံ Main Transformer များအကြောင်း၊ လိုင်းနှင့်ခွဲရုံ ထိန်းသိမ်းပြုပြင်ခြင်း၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရန် လိုက်နာ ဆောင်ရွက်ရမည့်အချက်များ၊ ဓာတ်အားဖြန့်ဖြူးရေးစနစ် တိုးတက်ကောင်းမွန်စေရေးနှင့် ယူနစ် ပျောက်ဆုံးမှုလျော့နည်းရေး၊ ဓာတ်အားခကြွေးကျန်များ ကျဆင်းရေးအတွက် ဆောင်ရွက်ရမည့် ဘဏ္ဍာရေးလုပ်ငန်းစဉ်များစသည့် ဘာသာရပ်များအားလည်းကောင်း၊ သို့ဖြစ်ပါ၍ သင်တန်းသားများ အနေဖြင့် သင်တန်းမှရရှိသော အခြေခံပညာရပ်နှင့် အတွေ့အကြုံများကိုအခြေခံ၍ သင်ယူလေ့လာ ခဲ့သည့် စာတွေ့၊ လက်တွေ့များကို လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်သွားကြရမှာ ဖြစ်ကြောင်း၊ ပညာရပ်ဆိုင်ရာ စာတမ်းများအား ဖတ်ရှုခြင်းဖြင့် လျှပ်စစ်ကဏ္ဍတိုးတက်ရေးအတွက် အစဉ်ကြိုးစားနေရမည်ဖြစ်သည့်အပြင် နည်းပညာအသစ်များအား စဉ်ဆက်မပြတ်လေ့လာသွားရန် မှာကြားလိုကြောင်း ပြောကြားခဲ့ပါသည်။

   ထို့နောက် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးသူရအောင်ဘိုက ဓာတ်အားခွဲရုံများ တည်ဆောက်/မောင်းနှင် / ထိန်းသိမ်း ပြုပြင်ခြင်းသင်တန်း အမှတ်စဉ်(၁/၂၀၂၃)၏ ထူးချွန်ဆုများနှင့် သင်တန်းဆင်းလက်မှတ်များအားလည်းကောင်း ၊ လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ ဦးရဲတိုးသွင်က အင်ဂျင်နီယာများ စီမံ ခန့်ခွဲရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၃)၏ ထူးချွန်ဆုများနှင့် သင်တန်းဆင်းလက်မှတ်များအား လည်းကောင်း သင်တန်းသားများထံ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းဆင်းပွဲအပြီးတွင် ဌာန အကြီးအကဲများသည် သင်တန်းနည်းပြများနှင့် သင်တန်းသား/သူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
17-Mar-2023