The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

၂၀၂၃ ခုနှစ်၊ မတ်လ ၁၇ ရက်            

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော်သည် မတ်လ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၌ ပြည်နယ်/ခရိုင်/မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးနှင့်  ဓာတ်အားခွဲရုံများမှ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး တောင်ကြီးမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးရှိ ငွေလက်ခံကောင်တာတွင် ဓာတ်အားခ ပေးဆောင်နေ မှု အခြေအနေများအား ကြည့်ရှု့စစ်ဆေးခဲ့ပါသည်။

   ရှေးဦးစွာ ဒုတိယဝန်ကြီးသည် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ရှိ ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာရုံးသို့ ရောက်ရှိရာ ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာ၊ ဦးထွန်းဝဏ္ဏက ပြည်နယ်/ခရိုင်/မြို့နယ်များအတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးထားမှု အခြေအနေနှင့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေတို့အား ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ဓာတ်အားခကြွေးကျန်ကောက်ခံရရှိရေး၊ ဓာတ်အားပြတ်တောက်မှု လျော့နည်း ရေး၊ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းစေရေး အလေးထားဆောင်ရွက်စေလိုကြောင်း၊ ဘဏ္ဍာနှစ် အလိုက် ရရှိသော ဘတ်ဂျက်ရန်ပုံငွေများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ သတ်မှတ်ကာလအတွင်း လုပ်ငန်းများ ပြီးစီးနိုင်ရေးအတွက် ဘတ်ဂျက်ရန်ပုံငွေများ  စနစ်တကျ သုံးစွဲသွားရန်၊ ဝန်ထမ်းများ အားလုံး လုံခြုံရေး အသိ၊ သတိဖြင့် စည်းလုံးညီညွတ်စွာ လုပ်ငန်းတာဝန်များ ထမ်းဆောင်သွားကြ ရန်၊ ပူးပေါင်းဆောင်ရွက်သွားကြရန်၊ ဘဏ္ဍာရေးကဏ္ဍအား ညွှန်ကြားချက်များ နှင့်အညီ လိုက်နာ ဆောင်ရွက်ရန်၊ ဝန်ထမ်းများ အရည်အသွေးမြှင့်တင်ရေး ဌာနတွင်း လုပ်ငန်းခွင်မပျက်သင်တန်းများ ဖွင့်လှစ်ပို့ချပေးရန်နှင့် အခြားလိုအပ်သည်များ မှာကြားခဲ့ပြီး ဝန်ထမ်းများ၏ တင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ ထောက်ပံ့ငွေများ ချီးမြှင့်ခဲ့ပါသည်။

   ထို့နောက် ဒုတိယဝန်ကြီးသည် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းနှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်နေသည့် လင်းသီဟကုမ္ပဏီမှ ငွေလက်ခံကောင်တာတွင် ဓာတ်အားခ ကောက်ခံနေမှု နှင့် စာရင်းရေးသွင်းပြုစုထားရှိမှုတို့အား လိုက်လံကြည့်ရှု့စစ်ဆေးကာ လိုအပ်သည်များ ဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။

Post under by : ဝန်ကြီးရုံး
17-Mar-2023