The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

 ၂၀၂၃ ခုနှစ်၊ မတ်လ (  ၂၀ )ရက်

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော်သည် မတ်လ ၁၇ ရက်နေ့ မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်အတွင်းရှိ ၁၃၂ ကေဗွီ ကလောပင်မ ဓာတ်အားခွဲရုံနှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းလက်အောက်ရှိ ၆၆ ကေဗွီနှင့် ၃၃ ကေဗွီ ဓာတ်အားခွဲရုံများသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

   ရှေးဦးစွာ ဒုတိယဝန်ကြီးသည် ၁၃၂ ကေဗွီ ကလောပင်မဓာတ်အားခွဲရုံသို့ ရောက်ရှိရာ ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ပြီး ဓာတ်အားခွဲရုံမှူးက  ဓာတ်အားခွဲရုံဆိုင်ရာ အချက်အလက်များနှင့် ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှုအခြေအနေများအား  ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ထရန်စဖော်မာဝန်အားစာရင်းအား အမြဲစိစစ်၍ မှတ်တမ်းထားရှိရန်၊ ဓာတ်အားလွှတ်ပစ္စည်းများအား ပုံမှန်စစ်ဆေး၍ လိုအပ်ပါက ထိန်းသိမ်းပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်သွားရန်၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် လုပ်ငန်းတာဝန်များ လစ်ဟင်းမှုမရှိစေရေး လုံခြုံရေး အသိ၊ သတိဖြင့် ဝန်ထမ်းများအားလုံး စည်းလုံးညီညွှတ်စွာ ပူးပေါင်းဆောင်ရွက်သွားကြရန်နှင့် ဝန်ထမ်းများ အရည်အသွေးမြှင့်တင်ရေး ဌာနတွင်းလုပ်ငန်းခွင်မပျက်သင်တန်းများ ဖွင့်လှစ်ပို့ချ ပေးရန်နှင့် အခြားလိုအပ်သည်များမှာကြားပြီး ဝန်ထမ်းများ၏တင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

   ထို့နောက် ဒုတိယဝန်ကြီးသည် အေးသာယာမြို့နှင့် တောင်ကြီးမြို့သို့ ဓာတ်အားဖြန့်ဖြူး ပေးနေသည့် ၆၆ ကေဗွီ အောင်သပြေဓာတ်အားခွဲရုံနှင့် ၃၃ ကေဗွီ တောင်ကြီး အမှတ်(၁) ဓာတ်အား ခွဲရုံသို့ရောက်ရှိရာ တာဝန်ရှိသူများမှ ဓာတ်အားခွဲရုံဆိုင်ရာနှင့် ဓာတ်အားဖြန့်ဖြူးပေးနေမှု အခြေအနေများအား လိုက်လံရှင်းလင်းတင်ပြရာ  ဒုတိယဝန်ကြီးက ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရေး ဓာတ်အားခွဲရုံအား ပုံမှန်ထိန်းသိမ်းစစ်ဆေးပြုပြင်ဆောင်ရွက်သွားရန်၊ မီးဘေး အန္တရာယ်ကာကွယ်ရေးကြိုတင်ပြင်ဆင်ထားရန်၊ ဓာတ်အားခွဲရုံအတွင်းအပြင် သန့်ရှင်းသာယာ လှပရေးဆောင်ရွက်ရန်နှင့် Switch Yard အတွင်း ဓာတ်အားလွှတ်ပစ္စည်းများ၏ အခြေအနေများနှင့် ဓာတ်အားထိန်းချုပ်ခန်းအတွင်းမှ ဓာတ်အားဖြန့်ဖြူးပေးနေမှုအခြေအနေများအား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်းသိရှိရပါသည်။     

Post under by : ဝန်ကြီးရုံး
20-Mar-2023