The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

၂၀၂၃ ခုနှစ်၊  မတ် လ (၃၁) ရက်

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ၂၀၂၃ ခုနှစ်၊ မတ် လ ၃၁ ရက်နေ့ နံနက်ပိုင်းတွင် မကွေးတိုင်း ဒေသကြီး၊ မကွေးမြို့ရှိ တိုင်းဒေသကြီးလျှပ်စစ်အင်ဂျင်နီယာရုံးတွင် တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှု အခြေအနေများနှင့်ပတ်သက်၍ တွေ့ဆုံညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။

   အဆိုပါ တွေ့ဆုံညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ တိုင်းဒေသကြီး အတွင်းရှိ တိုင်း/ခရိုင်/မြို့နယ်လျှပ်စစ်အင်ဂျင်နီယာများ၊ မြို့နယ်လျှပ်စစ်မှူးများ၊ ဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။

   ရှေးဦးစွာ တိုင်းဒေသကြီးလျှပ်စစ်အင်ဂျင်နီယာက တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှု၊ ဓာတ်အားပျောက်ဆုံးမှုနှင့် ဓာတ်အားပြတ်တောက်မှု လျော့နည်း ကျဆင်းစေရေး ဆောင်ရွက်ထားရှိမှု၊ ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်သွားမည့် လုပ်ငန်း များနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများအား ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးရုံး၊ ဉီးစီးဌာန၊ လုပ်ငန်းများမှ ဌာနကြီးမှူးများက ဝန်ထမ်း ရေးရာကိစ္စရပ်များ၊ ဝန်ထမ်းများ သက်သာချောင်ချီရေး ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှုဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ပါသည်။ ၎င်းနောက် ပြည်ထောင်စုဝန်ကြီး ကမှာကြားရာတွင် နေ့စားဝန်ထမ်းများအား အမြဲထမ်းဝန်ထမ်းများအဖြစ် ခန့်ထားနိုင်ရေး ဆောင်ရွက်သွားရန်နှင့် ခန့်အပ်ရန်လိုအပ်နေသော ဝန်ထမ်းများကို သတ်မှတ် ရာနှုန်းပြည့်မီအောင် ခန့်ထားသွားရန်လိုအပ်ကြောင်း၊  မီတာခများ ကောက်ခံရရှိမှုနှင့် ပတ်သက်၍လည်း  ကျန်ရှိနေသည့် မီတာခကြွေးကျန်များကို ရာနှုန်းပြည့် ကောက်ခံရရှိရေး တွန်းအားပေးဆောင်ရွက်သွားရန်နှင့် ဆောင်ရွက်စဉ်  ဝန်ထမ်းများ အသက်အန္တရာယ် လုံခြုံရေး အထူးဂရုပြု ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ တရားမဝင်ဓာတ်အား သုံးစွဲမှုများ မရှိစေရေးနှင့် မသမာမှုများ မရှိစေရေး ကြပ်မတ်ဆောင်ရွက်သွားရန်နှင့်  Losses များနေသည့် မြို့နယ်များတွင်လည်း Losses ကျဆင်းစေရေး ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်၊ ပို့လွှတ်၊ ဖြန့်ဖြူးပေးလျက်ရှိသော လျှပ်စစ်ပိုင်းဆိုင်ရာ အခြေခံအဆောက်အအုံများ ဖျက်ဆီး ခံရမှုမရှိစေရန် လုံခြုံရေးပြည့်ပြည့်ဝဝရရှိစေရေး သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ များသို့ တင်ပြဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ဝန်ထမ်းများ အနေဖြင့်လည်း တာဝန်ထမ်းဆောင်စဉ် အခက်အခဲရှိပါက အချိန်နှင့်တပြေးညီတင်ပြနိုင်သကဲ့သို့ ဝန်ထမ်းများ နှင့်အနီးကပ်ရှိနေသော တာဝန်ရှိသူများကလည်း လိုအပ်သည့် အခက်အခဲများကို ဝိုင်းဝန်း ဖြေရှင်းဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်းမှာကြားခဲ့ပြီး ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ၍ ဝန်ထမ်းများ၏ တင်ပြမှုများအပေါ် လိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကာ ပြည်ထောင်စုဝန်ကြီးသည် တိုင်း/ခရိုင်/မြို့နယ်လျှပ်စစ်အင်ဂျင်နီယာများ၊ မြို့နယ် လျှပ်စစ်မှူးများ၊  ဝန်ထမ်းများနှင့် နေ့လည်စာအား အတူတကွသုံးဆောင်ခဲ့ကြောင်း သတင်း ရရှိပါသည်။            

Post under by : ဝန်ကြီးရုံး
31-Mar-2023