The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု  မဟာသင်္ကြန်ပွဲတော် အခမ်းအနား ကျင်းပပြုလုပ်သည့်သတင်း

 ၂၀၂၃ ခုနှစ်၊ ဧပြီလ (   ၇    ) ရက်

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန် ပွဲတော် အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဧပြီလ (၇) ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

   အဆိုပါ မဟာသင်္ကြန်ပွဲတော် အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် ဒေါက်တာကျော်ထွန်း၊ ဦးခွန်စံလွင်၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်၊ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာနနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူများနှင့် အရာထမ်း၊ အမှုထမ်းများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များသည် စတုဒီသာ ဧည့်ခံကျွေးမှုအား အတူတကွသုံးဆောင်၍ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြပြီး ဦးစီးဌာနများနှင့် လုပ်ငန်းများကိုယ်စားပြု သင်္ကြန်အလှမယ် ယိမ်းအကအဖွဲ့များမှ  ယိမ်းအကများ၊ တေးသံသာ များဖြင့် ဧည့်ခံဖျော်ဖြေကြပါသည်။

  ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီး၊ ဌာနအကြီးအကဲများနှင့် အခမ်းအနားသို့ တက်ရောက်လာသူ ဧည့်သည်တော် များမှ အတာရေများ အပြန်အလှန် ပက်ဖျန်းကြပြီး ဦးစီးဌာနများနှင့် လုပ်ငန်းများ ကိုယ်စားပြု ယိမ်းအကအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

Post under by : ဝန်ကြီးရုံး
07-Apr-2023