The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

၂၀၂၃ ခုနှစ်၊ ဧပြီလ (၂၈ ) ရက်

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် မကွေးတိုင်းဒေသကြီး၊ သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေးနှင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှ   ဌာန ဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့၊ မွန်းလွဲပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ ရုံးဆိပ်ကျေးရွာအနီးနှင့် ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ထုံးဘိုမြို့အနီးရှိ ဧရာဝတီမြစ်၏ ရေအရင်းအမြစ်နှင့်  မြစ်ရေ လမ်းကြောင်း အခြေအနေတို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

   ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အောင်လံမြို့နယ်၊ ရုံးဆိပ်ကျေးရွာအနီး ဧရာဝတီမြစ်၏ ရေအရင်းအမြစ်နေရာသို့ ရောက်ရှိရာ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဟိန်းထက်နှင့် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး တိုင်းဦးစီးမှူး ဦးဌေးအောင်တို့က ဧရာဝတီမြစ်ဝှမ်းဆိုင်ရာအချက်အလက်များ၊ ဧရာဝတီမြစ်၏ ရေလမ်းကြောင်းအခြေအနေ၊ ရေမျက်နှာပြင် အနိမ့်အမြင့်ကွာခြားချက်အခြေအနေ၊ မြစ်ရေစီးနှုန်းနှင့် မြစ်ရေထုထည် စီးနှုန်းအခြေအနေတို့အား ရှင်းလင်းတင်ပြကြပါသည်။

   ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဧရာဝတီမြစ်အတွင်း ဧရာဝတီမြစ်၏ မြစ်ရေစီးဆင်းနေမှုအခြေအနေ၊ မြစ်ကြောင်းအတွင်း အနည်ပို့ချနှုန်းနှင့် သောင်ထွန်းနိုင်မှု အခြေအနေ၊ ရေကြောင်းသွားလာမှုအခြေအနေနှင့် မြစ်ကမ်းပါး ဝဲ/ယာ မြေမျက်နှာ သွင်ပြင်အခြေအနေတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

   ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ထုံးဘိုမြို့အနီးရှိ ဧရာဝတီမြစ်၏ ရေအရင်းအမြစ်နေရာသို့ ရောက်ရှိရာ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဟိန်းထက်နှင့် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး တိုင်းဦးစီးမှူး ဦးမောင်မောင်နိုင်တို့က သူရဲတန်း-ထုံးဘို မြစ်ရေလမ်းကြောင်းအခြေအနေ၊ ဒေသ၌ နွေရာသီရေစစ်မျဉ်းနှင့် အမြင့်ဆုံးတက်ရောက် သည့် ရေမျက်နှာပြင် ကွာခြားချက်မှာ (၄၅)ပေခန့်  ဖြစ်ပေါ်ခဲ့သည့်အခြေအနေ၊ သူရဲတန်း-ထုံးဘို ရေလမ်းကြောင်း၌ အကောက်တောင်ဘက်ခြမ်းတွင် အနက် (၂၀) မီတာခန့်ရှိသည့်အခြေအနေနှင့်  နွေရာသီကာလတွင် မြင်တွေ့ရသည့် သဲသောင်ခုံများမှာ မိုးရာသီကာလတွင် ရေဖုံးလွှမ်းလေ့ရှိသည့်အခြေအနေတို့ကို ရှင်းလင်းတင်ပြခဲ့ကြပါသည်။

   ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဧရာဝတီမြစ်ရေစီးဆင်းနေမှု အ‌ခြေအနေ၊ အနည်ပို့ချနှုန်းနှင့် သောင်ထွန်းနေသည့်အခြေအနေ၊ ကျောက်ထုတ်ယူ ရရှိနိုင်မှုအခြေအနေနှင့် မြစ်ကမ်းပါးမြေမျက်နှာသွင်ပြင်အခြေအနေတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
28-Apr-2023